တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ   ၂၂


တပ်မတော်  (ကြည်း)    ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)      ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း    အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်  ရန်ကုန် မြို့   တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ရှိ  ပြည်ထောင်စုခန်းမ၌ ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အဆိုပါ   သင်တန်းဆင်းဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ      ဇနီး ဒေါ်ကြူကြူလှ၊     ကာကွယ်ရေးဦးစီးချုပ် (ရေ)    ဗိုလ်ချုပ်ကြီး    မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်  ဇနီးများ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊       ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊        တပ်မတော်  (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်း အုပ်ကြီးနှင့်   ရန်ကုန်တပ်နယ်မှ  အရာရှိ ကြီးများ၊  ဖိတ်ကြားထားသည့်  ဧည့်သည့် တော်များ တက်ရောက်ကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   သင်တန်းဆင်းအမျိုးသမီး အရာရှိများကို  တစ်ဦးချင်း  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး    ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအမျိုးသမီး အရာရှိများ၊ ညစာစားပွဲ တက်ရောက်လာ ကြသူများနှင့်အတူ     ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။


ချီးမြှင့်ငွေများပေးအပ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်      အဖွဲ့ဝင်များသည် တပ်မတော်  (ကြည်း)    ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲ ၏ ဂုဏ်ပြုတီးမှုတ်မှုကို ကြည့်ရှုအားပေး ပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။


ကြည့်ရှုအားပေး


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ် ရေကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်     အဖွဲ့ဝင်များသည် သင်တန်းဆင်း အမျိုးသမီးအရာရှိများနှင့် အတူ   မြဝတီသဘင်ဆောင်၌   ပြည်သူ့ ဆက်ဆံရေးနှင့်     စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး    ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏  တေးသီချင်းများ ဖြင့်     ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း    သတင်းရရှိ သည်။                  

 သတင်းစဉ်