တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    ဧပြီ     ၃


တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)   ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂၇) သီဟ တပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို    ယနေ့ ညပိုင်းတွင် ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)   စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး    ဦးစီး ချုပ်ကိုယ်စား    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး   ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏    ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊         အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်    တိုင်းမှူးနှင့်ဇနီး၊    ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကျောင်း ဆင်းဗိုလ်လောင်းများ၏ မိဘများ၊ တပ်မတော် (ကြည်း)        ဗိုလ် သင်တန်းကျောင်း    (ဗထူး) မှ နည်းပြအရာရှိများနှင့်    ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်    အဖွဲ့ဝင်များသည် ကျောင်းဆင်း    အရာရှိများအား ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်  အဖွဲ့ဝင်များသည် သင်တန်းဆင်း      အရာရှိများနှင့် အတူ     ညစာကို    အတူတကွ သုံးဆောင်ကြသည်။


ညစာ    သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်   တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း   (ဗထူး) စစ်တီးဝိုင်းအဖွဲ့၏ ဂုဏ်ပြုတီးမှုတ် မှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့် ငွေများ ပေးအပ်သည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်    အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ သဘင်ဆောင်၌  ပြည်သူ့ဆက်ဆံ ရေးနှင့်     စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး    ကွပ်ကဲမှု အောက်      နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့၏     ဂုဏ်ပြု ဖျော်ဖြေ      တင်ဆက်မှုများကို ကြည့်ရှု    အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်