တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၆


တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ        ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် ချီးမြှင့်သည်။

 


တက်ရောက်


အဆိုပါ အခမ်းအနားသို့           နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး  ဇေယျ ကျော်ထင် အောင်ဇော်အေးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊  ဗထူးတပ်နယ်မှ     တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊   ကျောင်းဆင်းအရာရှိများ တက်ရောက်ကြသည်။

 


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းနှင့် အဖွဲ့ဝင်များ သည် ကျောင်းဆင်းအရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။    ထို့နောက်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)         ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်း ဆင်း   အရာရှိများနှင့်အတူ   ညစာကို  အတူတကွ သုံးဆောင်ကြသည်။ 

 


ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်


ညစာသုံးဆောင်နေစဉ်အတွင်း   တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်တီးဝိုင်း အဖွဲ့က တေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က        ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ         ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်