တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
(၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်)
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်)


တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်ဦးတည်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားပြီး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

 


၂၀၂၃ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့သည်   စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပြီး  ယခု ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနှင့်       တစ်နိုင်ငံလုံးတွင်လက်နက်ကိုင်ပဋိပက္ခများ      ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ပြောကြားခဲ့ပြီးဖြစ်ပါသည်။  ထို့ပြင် ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ   ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏  ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားပြီးဖြစ်ပါသည်။

 


အဆိုပါ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍  ဆွေးနွေးမှုများပြုလုပ်နိုင်ရေး   ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်  ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊   လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက် ခြင်း၊    တပ်ဌာနချုပ်များကို   နှောင့်ယှက်တိုက်ခိုက်ခြင်းများမပြုရန်နှင့်  ထိုကဲ့သို့လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့်      လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။         


        
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး