တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော်အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် ဇန်နဝါရီ ၂၀

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအို အား ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် ဂျပန် - မြန်မာအသင်း၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြှင့်ရေး ဆောင်ရွက်နေမှု၊ မြန်မာ-ဂျပန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

သတင်းစဉ်