
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင် မြို့ရှိ မြို့မဈေးကို ဖေဖော်ဝါရီ ၁၅ ရက်က တပ်မတော်မှ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီး လောင်ပျက်စီးခဲ့ရကြောင်း သတင်း တု၊ သတင်းမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာ DVB က တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် တစ်ဖက် သတ်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဖေဖော်ဝါရီ ၁၅ ရက်က KNDF ၊ PNLA ၊ PDF အကြမ်းဖက် သမားများသည် ဆီဆိုင်မြို့တွင် နယ်မြေတည်ငြိမ် ရေးနှင့် လုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်အဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့မ ဈေးပေါ်သို့လည်း ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့သည့်အတွက် မြို့မဈေးမီးလောင်ပျက်စီးခဲ့ရကြောင်း နှင့် ယခင်ကလည်း လွိုင်ကော်မြို့ ရှိ မြို့မဈေးကို KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် လွိုင်ကော်မြို့မဈေး မီးလောင် ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူ များ၏ပြောကြားချက်အရ သိရှိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ များမှ အထင်အမြင်လွှဲမှားစေရန် အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ၍ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။ သတင်းစဉ်