တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကိုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  မတ်   ၆
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ ကို မတ် ၅ ရက်က တပ်မတော်မှ ဓာတုဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား များကို    တရားမဝင်ပြည်ဖျက် မီဒီယာများက    လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြည်သူများ အထင်အမြင်      လွဲမှားစေရန် မဟုတ်မမှန်ရေးသား   ဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ပြီး     သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ    တစ်ဦး၏ ပြောကြားချက်အရ   ကနီမြို့ကို တပ်မတော်မှ   ဓာတုဗုံးအသုံးပြု ၍  တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခင်တိုက်ပွဲများတွင် လည်း  ၎င်းတို့   ထိခိုက်သေဆုံးမှု များပြားသည့်   အချိန်များတွင် ထိုကဲ့သို့  တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့်   ဓာတုဗုံး များနှင့်    အဆိပ်ငွေ့ဗုံးများကို တပ်မတော်မှ အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား များဖြင့်   လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။                    သတင်းစဉ်