နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ၌ ဖေဖော်ဝါရီ ၂၁ ရက်က မြို့တွင်း ရပ်ကွက်နှစ်ခုကို တပ်မတော်က မီးရှို့၍ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံနေအိမ် ၁၀၀ ခန့် မီးလောင် ပျက်စီးခဲ့သည်ဟု အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာတစ်ခု ဖြစ်သည့် RFA မှ လူမှုကွန်ရက် ပေါ်တွင် မဟုတ်မမှန် ရေးသား ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရ သည်။
အထက်ပါသတင်းနှင့် ပတ် သက်၍ မြေပြင်စုံစမ်းသိရှိရသော သတင်းများနှင့် ဒေသခံပြည်သူ အချို့ထံမှ သိရှိရသော သတင်းများ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကော့ကရိတ်မြို့တွင်းရှိ ရပ်ကွက် များကို တပ်မတော်က မီးရှို့မှုမရှိ ကြောင်းနှင့် ဒရုန်းဗုံးကြဲသည် ဆိုသည်မှာ သတင်းမှားသာဖြစ် ကြောင်းသိရှိရပြီး ကော့ကရိတ်မြို့ အတွင်း KNLA နှင့် PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့များ သည် တပ်မတော်၏ နယ်မြေလုံခြုံ ရေးတာဝန် ထမ်းဆောင်လျက်ရှိ သော တပ်၊ စခန်းများကို အဝေးမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်း၊ နယ်မြေလုံခြုံရေး လှုပ်ရှားစစ်ကြောင်းများကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိခြင်းတို့ ကြောင့် အနီးဝန်းကျင် မြို့၊ ရွာများ အတွင်းရှိ ဒေသခံပြည်သူတို့၏ လူနေအိမ်များပေါ်သို့ လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲ မှုကြောင့် နေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျက်သရေရွာကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် တောင် ကုတ် တက္ကသိုလ်ကျောင်းသား မောင်ဖြိုးစံအောင် ကျည်ထိမှန် သေဆုံးခဲ့သည်ဟု အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာတစ်ခု ဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပြီး အဆိုပါနယ်မြေတွင် လုံခြုံရေးတာဝန် ထမ်းဆောင် လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ကျက်သရေရွာကို တပ်မတော်က လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုမရှိဘဲ အဆိုပါ ကျက်သရေရွာတွင် တပ်မတော် စစ်ကြောင်းများ ရှိသည်ဟူသော အထင်နှင့် AA အကြမ်းဖက်အဖွဲ့မှ Drop Bomb များ ကြဲချတိုက်ခိုက် မှုကြောင့် ကျေးရွာနေပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခြင်း များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည် ဖျက်မီဒီယာများသည် အခြေ အမြစ်မရှိသော ကောလာဟလ သတင်းမှားများကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည် ရွယ်ချက်ဖြင့် ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်