တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  မတ်  ၁၆
တပ်မတော်က    အတင်းအဓမ္မ စုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်     ဘာသာဝင်များကို ရှေ့တန်းပို့        စစ်တိုက်ခိုင်းခြင်း ကြောင့်   တိုက်ပွဲအတွင်း  သေဆုံး သွားသည့်  အစ္စလာမ်ဘာသာဝင် များရှိနေသလို     တပ်သားသစ် အဖြစ် အတင်းအကျပ်စုဆောင်းမှု များလည်း      ဆက်လုပ်နေသည် ဟု       ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်      ကောလာဟလ သတင်းမှားများကို   လူမှုကွန်ရက် စာမျက်နှာတွင်    ရေးသားဖြန့်ဝေ လျက်ရှိကြောင်း        တွေ့ရှိရ သည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူ တစ်ဦး၏   ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ် ဘာသာဝင်များကို အတင်းအကျပ် စစ်သား စုဆောင်းမှုများ ပြုလုပ် သည်ဆိုသည့်        သတင်းမှာ ကောလာဟလ သတင်းအမှားသာ ဖြစ်ကြောင်း       သိရှိရပြီး    တရား မဝင်      ပြည်ဖျက်မီဒီယာများ သည်    ရခိုင်ပြည်နယ်အတွင်းရှိ   အစ္စလာမ်   ဘာသာဝင်များနှင့်  ပတ်သက်၍      မဟုတ်မမှန်     သတင်းများကို   ရည်ရွယ်ချက်ရှိရှိ      ထုတ်လွှင့်    ဖြန့်ဝေနေခြင်းသာ  ဖြစ်ကြောင်း သိရှိရသည်။
အလားတူ  ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာတွင် စစ်မှုထမ်း မည့်   လူငယ်များအတွက်   တစ် အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း   စတင်ကောက်ခံ ကြောင်း  ကောလာဟလသတင်း မှားများကိုလည်း   အကြမ်းဖက် အားပေး  ပြည်ဖျက်မီဒီယာ  Khit Thit မှ  ရေးသားဖြန့်ဝေလျက်ရှိ သည်ကိုတွေ့ရှိရပြီး  စစ်မှုထမ်း မည့်လူငယ်များအတွက်   တစ် အိမ်ထောင်ငွေကျပ်      ၅၀၀ဝ နှုန်းကောက်ခံခြင်း  လုံးဝမရှိဘဲ အများပြည်သူ အထင်အမြင်လွဲမှား စေရန်အတွက်  ဝါဒဖြန့်နေသည့် သတင်းအမှားသာ  ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ တရားမဝင် ပြည်ဖျက်      မီဒီယာများနှင့် တိုင်းပြည်အေးချမ်းသာယာရေး ကို မလိုလားသူများက အမျိုးမျိုး သော    ကောလာဟလ သတင်း အမှားများဖြင့် ပြည်သူများ စိုးရိမ် ထိတ်လန့်စေရန်အတွက် ဝါဒဖြန့် လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။           သတင်းစဉ်