တပ်မတော်ဟာ ပြည်သူကြားကပေါက်ဖွားလာတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသောတပ်မတော်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီး နေ့စဉ်လူမှုဘဝလုံခြုံရေးကို ကူညီဆောင်ရွက်ပေးရမှာဖြစ်

 

(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

 

ရဲဘော်တို့


ဒို့နိုင်ငံရဲ့   လွတ်လပ်ရေးကြိုးပမ်းမှု၊      ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်ခဲ့မှု၊    နိုင်ငံတော်တည်ငြိမ်ရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေး   ဆောင်ရွက်ခဲ့မှုဆိုင်ရာ  သမိုင်းကြောင်းများနဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပြီး အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဒီကနေ့ဆိုရင် (၇၇)နှစ်တာကာလ ရှိလာပြီ ဖြစ်တယ်။

 


ရဲဘော်တို့


ဒို့တပ်မတော်ဟာ ပြည်သူလူထုနဲ့အတူလက်တွဲပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ  နယ်ချဲ့ဗြိတိသျှတို့  လက်အောက်ကနေ မြန်မာနိုင်ငံကို လွတ်လပ်ရေးရယူပေးခဲ့တယ်။

 


ဗြိတိသျှနယ်ချဲ့တို့ ဖန်တီးခဲ့တဲ့ သွေးခွဲမှုတွေကြောင့် ဒို့တိုင်းရင်း သားအချင်းချင်းအကြား ယုံကြည်မှုလျော့နည်းခဲ့ရမှုနဲ့အတူ နိုင်ငံရေး အယူအဆနဲ့ အယူဝါဒ ကွဲပြားမှုအမျိုးမျိုးတို့ကြောင့် လွတ်လပ်ရေး ရပြီး မကြာမီမှာပဲ ပြည်တွင်းသောင်းကျန်းမှုစစ်မီးကြီး ပေါ်ပေါက်လာ ခဲ့ရတယ်။       ရန်ကုန်အစိုးရလို့      လှောင်ပြောင်ခေါ်ခံခဲ့ရာကနေ ဒို့တပ်မတော်အနေနဲ့ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲကြီးတွေကို အသက် သွေးချွေး   မြောက်မြားစွာပေးဆပ်ပြီး  တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပေးခဲ့သလို ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ တရုတ်ဖြူ ကူမင်တန်တွေရဲ့ ကျူးကျော်မှုကို မဲခေါင်စစ်ဆင်ရေးကြီးအပါအဝင် စစ်ဆင်ရေးကြီး အကြိမ်ပေါင်း ၃၀ နဲ့ စစ်ဆင်ရေးငယ် များစွာဆင်နွှဲပြီး နိုင်ငံတော်ကို ပြည်ပကျူးကျော်မှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက် ပေးခဲ့ရတယ်။

 


ဒါ့အပြင် ဒို့နိုင်ငံအနေနဲ့ ၁၉၅၈ ခုနှစ်  နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု အရေးအခင်းနဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားမှု စတဲ့ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတို့နဲ့ ကြုံတွေ့ ခဲ့ရချိန်တွေမှာလည်း    တပ်မတော်အနေနဲ့   မှန်ကန်တဲ့ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နဲ့အတူ       နိုင်ငံတော်ကို      ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်။    

 


တပ်မတော်အနေနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွေမှာလည်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ရန်ပြုလာခဲ့တဲ့ သောင်းကျန်း သူတွေကို ဒို့တပ်မတော်သားတွေရဲ့ အသက်သွေးချွေး များစွာပေးဆပ် ပြီး    အောင်မြင်စွာ     ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်။    ဒါ့ကြောင့် ဒို့တပ်မတော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ လက်ရှိ အချိန်ထိ   ခေတ်အဆက်ဆက်၊   စနစ်အမျိုးမျိုးကို   ဖြတ်သန်းခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို     အစဉ်ဦးထိပ်ထားကာ     အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာ ပြောကြား လိုတယ်။ 

 


ရဲဘော်တို့


ကမ္ဘာ့နိုင်ငံတိုင်းမှာ နိုင်ငံရေးစနစ် တစ်ခုကနေတစ်ခုကို ညင်သာ စွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် အလွန်အရေးကြီးတယ်။ ၁၉၈၈ ခုနှစ် ဒို့တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူခဲ့ရတဲ့ အချိန်မှာ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့ တယ်။     ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့    စျေးကွက်စီးပွားရေး ဖော်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီ     ကိုက်ညီတဲ့      ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေးကို ကမကထပြု ဆောင်ရွက်ပေးခဲ့ပြီး ဒီမိုကရေစီစနစ် ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဦးစီးဆောင်ရွက်ပေးနိုင် ခဲ့တယ်။ ဒါတွေဟာ ဒို့တပ်မတော်ရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ထားရှိတဲ့ စစ်မှန်ကောင်းမွန်တဲ့ စေတနာပြယုဂ်တွေဖြစ်တယ်ဆိုတာ အသိပေးလိုတယ်။

 


ရဲဘော်တို့ 


မျက်မှောက်ခေတ်ကာလမှာ   ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ  နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်တဲ့ စစ်ရေးနည်းတစ်ခုတည်းနဲ့ ကျူးကျော်သိမ်းပိုက်တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲ သမားရိုးကျ မဟုတ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး အစရှိတဲ့ နည်းလမ်းတွေနဲ့ပါ ကျူးကျော်လာကြတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ခေတ်သစ်စစ်ပွဲအောင်နိုင်ဖို့အတွက် သတင်း ဆက်သွယ်ရေး နည်းပညာတွေ၊ အီလက်ထရောနစ်နည်းပညာတွေ၊ စက်မှုနည်းပညာတွေ အဆင့်မီ သင်ကြားလေ့ကျင့်ထားရမှာဖြစ်တယ်။ 

 


နည်းပညာတွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲနေတဲ့ စစ်မဟာ ဗျူဟာ၊ စစ်နည်းဗျူဟာတွေကိုလည်း လေ့လာနေရမှာပဲဖြစ်တယ်။ ဒါကြောင့်  ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဟာ စွမ်းရည်ပြည့်ဝတဲ့ လူသားအရင်းအမြစ်များ၊  နည်းပညာများနဲ့ပေါင်းစပ်ပြီး  နိုင်ငံတော် ကာကွယ်ရေးစွမ်းအားကို တည်ဆောက်သွားရမှာဖြစ်တယ်။ 

 


တပ်မတော်သားအဆင့်အတန်းအားလုံးဟာ    မိမိတို့   တာဝန် ထမ်းဆောင်ရတဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ဖို့ လိုအပ်ပြီး  တိုက်စွမ်းရည်၊  တိုက်စွမ်းအားတွေ  တိုးတက်လာစေဖို့နဲ့ အရေအတွက်ထက် အရည်အသွေးနဲ့ အရည်အချင်းရှိတဲ့ တပ်မတော် သားတွေဖြစ်လာစေဖို့အတွက်    လေ့ကျင့်ရေးကို   စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်တယ်။     စစ်ရေးစွမ်းရည်    ထက်မြက်ဖို့ အတွက် လေ့ကျင့်ရေးဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး စစ်သည်တစ်ဦးချင်း   လေ့ကျင့်ရေးနဲ့   တပ်ဖွဲ့အလိုက်   လေ့ကျင့်ရေး တွေကို   ဒို့တပ်မတော်ရဲ့   “လေ့လာ၊  လေ့ကျင့်၊  လိုက်နာ”   ဆိုတဲ့ လေ့ကျင့်ရေးဆောင်ပုဒ်နဲ့အညီ လေ့ကျင့်သွားကြဖို့ မှာကြားလိုတယ်။

 


ရဲဘော်တို့


ဒို့တပ်မတော်ဟာ   နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်နေတဲ့ အင်အားကောင်းမွန်မှုအရှိဆုံး    အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုဟာ   အလွန်အရေးကြီးတယ်။   ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမား အင်အားစုတွေဟာ  ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်း ပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ်မှာဖြစ်တယ်။  

 


ဒါကြောင့်   တပ်တွင်းစည်းလုံးညီညွတ်မှု     တည်တံ့ခိုင်မြဲစေဖို့ အတွက်   ချမှတ်ထားတဲ့    စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်သွားကြပြီး တပ်မတော်သားများနဲ့ မိသားစုဝင်တွေဟာ မှန်ကန်တဲ့ အသိ၊ အမြင်၊ ယုံကြည်ချက်၊ ခံယူချက် တူညီစွာနဲ့ ရဲဘော်ရဲဘက်စိတ်ထားရှိပြီး ညီအစ်ကို မောင်နှမသဖွယ်၊ မိသားစုသဖွယ်     အပြန်အလှန်လေးစားမှု၊    အလေးထားမှုတွေနဲ့  စည်းလုံးညီညွတ်စွာ နေထိုင်သွားကြဖို့ မှာကြားလိုတယ်။

 


ဒီလို  တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာဖို့   သာမက  ပြည်သူ လူထုနဲ့       စည်းလုံးညီညွတ်မှုခိုင်မာဖို့လည်း    အရေးကြီးတယ်။  ဒို့တပ်မတော်ဟာ ပြည်သူကြားကပေါက်ဖွားလာတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့   ဖွဲ့စည်းထားတဲ့  တစ်ခုတည်းသောတပ်မတော်ဖြစ်တဲ့ အတွက်  ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို   ကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်တဲ့အပြင်  ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ လုံခြုံရေးကိုလည်း ဘက်ပေါင်းစုံက တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးရမှာ ဖြစ်တယ်။ 
ဒို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားခံစားနေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပြည်သူ လူထု၊ တပ်မတော်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းလက်တွဲ ကာ   ညီညီညွတ်ညွတ်နဲ့   ဆောင်ရွက်ခဲ့ကြတဲ့အတွက်   ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် နောက်ဖြစ်လာနိုင်ဖွယ်ရာ ကပ်ရောဂါလှိုင်းတွေကို ကြိုတင် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအတွက်  ချမှတ်ထားတဲ့  စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ         စနစ်တကျနေထိုင်သွားလာမှုတွေကို ဒို့တပ်မတော်အနေနဲ့    ပြည်သူလူထုနဲ့အတူ   ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်တယ်။ 

 


ဒို့တပ်မတော်ဟာ စနစ်တကျဖွဲ့စည်းထားပြီး အမြဲအသင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ် တွေ    ကျရောက်ခဲ့ရင်လည်း     လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief-HADR)   လုပ်ငန်းတွေကို    “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ’’     ဆိုတဲ့အတိုင်း    အမိန့်စောင့်ဖို့မလိုဘဲ အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရမယ်။ ဒါမှသာ တပ်နဲ့ ပြည်သူတစ်သားတည်းဖြစ်ပြီး     တပ်ပြင်စည်းရုံးရေးဟာလည်း ခိုင်မာအားကောင်းလာမှာဖြစ်တယ်။      

 


ရဲဘော်တို့ 


ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမယ့်သူတွေဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နဲ့   ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေကြသူတွေဖြစ်တယ်။   နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့်  ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး ဒို့တပ်မတော်သားတွေဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ    အများအကျိုးအတွက်   ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြတာဖြစ်တယ်။

 


ဒီလို    မွန်မြတ်တဲ့စိတ်ဓာတ်နဲ့    တာဝန်ထမ်းဆောင်နေကြတဲ့ ဒို့တပ်မတော်သားများဘဝကို တန်ဖိုးထားဂုဏ်ယူပြီး စစ်သားကောင်း ပီသစွာ   နေထိုင်ကျင့်ကြံသွားကြရမယ်။   ဒါ့အပြင်   ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊   ချမှတ်ထားတဲ့  စည်းမျဉ်းစည်းကမ်းတွေကို  လေးစား လိုက်နာမှု၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုတွေနဲ့ မိမိတို့ရဲ့ဘဝကို ကြိုးစားမြှင့်တင်သွားကြရမယ်။ 

 


ဒို့တပ်မတော်သားတစ်ဦးချင်းကအစ စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာကာ စည်းကမ်းကောင်းတဲ့ တပ်မတော်၊ စည်းကမ်းရှိတဲ့ အဖွဲ့အစည်း၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်တဲ့အဖွဲ့အစည်းအဖြစ် တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းသွားကြရမှာ ဖြစ်တယ်။ တပ်မတော်ကောင်းတစ်ရပ်ဖြစ်ဖို့အတွက် စစ်သားကောင်း များနဲ့ ခေါင်းဆောင်ကောင်းများကို ပေါင်းစပ်ဖွဲ့စည်းထားဖို့ လိုအပ် တယ်။  စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်  စစ်စည်းကမ်း ကောင်းမွန်ဖို့ လိုအပ်ပြီး စစ်စည်းကမ်းကောင်းမွန်မှသာ အမိန့်နာခံ တတ်မှုလည်း ရှိလာမှာဖြစ်တယ်။ 

 


ဒါ့ပြင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေဖို့အတွက် အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး    အတွေ့အကြုံများကို   အတွေးအခေါ် ကောင်းများနဲ့    ပေါင်းစပ်အသုံးချနိုင်ဖို့   ခေါင်းဆောင်မှု   အင်္ဂါရပ် (၁၆) ရပ်နဲ့    ချိန်ထိုးဆောင်ရွက်သွားဖို့လိုတယ်။    စစ်စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုနှစ်ခုကို ပေါင်းစပ်ကျင့်သုံး လိုက်နာ တဲ့     အခြေခံစစ်သားကောင်းများနဲ့   အတွေးအခေါ်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါင်းစပ်တည်ဆောက်ထားတဲ့ တပ်မတော် ဟာလည်း     စွမ်းရည်ထက်မြက်တဲ့    တပ်မတော်ကောင်းတစ်ရပ်၊ ခိုင်မာမှုရှိတဲ့အင်အားစုတစ်ခုအဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို  စွမ်းအားပြည့်  ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း  ပြောကြား လိုတယ်။ 

 


တပ်မတော်သားတိုင်းဟာ    အသက်ခန္ဓာကို    ပဓာနမထားဘဲ နိုင်ငံတော်ကို ကာကွယ်ရန်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနဲ့ မိမိတို့သဘောဆန္ဒအလျောက်   တပ်မတော်ထဲ   ဝင်ရောက်တာဝန် ထမ်းဆောင်နေမှုအပေါ်မှာ ဂုဏ်ယူပြီး နိုင်ငံတော်နဲ့တပ်မတော်က အားကိုးအားထားပြုရတဲ့    စစ်သည်တော်ကောင်းတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။ 

 


ရဲဘော်တို့


နိုင်ငံတစ်နိုင်ငံ   တည်ငြိမ်အေးချမ်းပြီး   ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာစေဖို့အတွက်   ကမ္ဘာ့နိုင်ငံတွေ၊   ဒေသတွင်းနိုင်ငံတွေနဲ့   အမြဲ ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်နေကြရတယ်။ ဒါ့အပြင် သမား ရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဟာ     နိုင်ငံတစ်နိုင်ငံတည်းမှာသာ    တွေ့ကြုံနေရတာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာတစ်ဝန်းမှာ နိုင်ငံဖြတ်ကျော်မှု အသွင်နဲ့ ရင်ဆိုင်နေကြရတာဖြစ်တယ်။ 

 


ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ    ပိုမိုပူးပေါင်းဆောင်ရွက်လျက် ရှိတယ်။ မျက်မှောက်ကာလမှာ ကမ္ဘာ့နိုင်ငံတွေကို အဓိက ခြိမ်းခြောက် နေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကာကွယ် တိုက်ဖျက်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံအပေါင်း နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့နဲ့ ပူးပေါင်းပြီး ဒေသတွင်း ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများမှာ တက်ကြွစွာ ပါဝင်လျက်ရှိတယ်။  

 


အခုလို နိုင်ငံတကာတပ်မတော်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေမှု တွေဟာ ဒို့တပ်မတော်ရဲ့စွမ်းရည်ကို ပိုမိုတိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို ပိုမိုအထောက်အကူဖြစ်စေတဲ့ အတွက်  ဒေသတွင်းနိုင်ငံများအပါအဝင်  နိုင်ငံတကာတပ်မတော် များနဲ့ ကောင်းမွန်ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

 


ရဲဘော်တို့


ဒို့နိုင်ငံရဲ့  သမိုင်းကြောင်းကို  ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသား အားလုံးရဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုအားတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းရယူခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့်   နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ  ခိုင်မာမှုနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ရှိသင့်သလောက်မရှိဘဲ ခွန်အား တွေ၊ စွမ်းအားတွေဆုံးရှုံးခဲ့ရပြီး အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေ ထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတယ်။ 

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို      အဓိက    အဟန့်အတားဖြစ်စေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို      ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတယ်။ ငြိမ်းချမ်း ရေး ဆွေးနွေးမှုအောင်မြင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိသလို မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကြောင့်  အောင်မြင်မှုမရရှိခဲ့တဲ့  အဖွဲ့ အစည်းတွေလည်း ရှိတယ်။ 

 


၂၀၁၀ ပြည့်နှစ်မှာ  ဒီမိုကရေစီ  အသွင်ကူးပြောင်းရေးအတွက် တပ်မတော်က ကမကထပြု ဆောင်ရွက်ပေးခဲ့ပြီးနောက်ပိုင်း ပါတီစုံ ဒီမိုကရေစီအစိုးရများကာလမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု တွေ    ပြုလုပ်ခဲ့တယ်။    ကိုယ်စားလှယ်အသီးသီးဟာ    အဆင့်ဆင့် ဆွေးနွေးခဲ့ပြီး    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း  ၁၀  ဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့တယ်။ 

 


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လို့ဆိုရာမှာ     လွတ်လပ်ရေး မရခင်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ၊ တိုင်းရင်းသား ရေးအရ၊ အယူဝါဒရေးရာအရ သဘောထား မတိုက်ဆိုင်တဲ့အတွက် လက်နက်ကိုင်ရတဲ့  အဖွဲ့အစည်းတွေရှိသလို  ၂၀၁၁ ခုနှစ် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးမှ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲပြီးမှ လက်နက်ကိုင်အကြမ်းဖက်လာတဲ့ အဖွဲ့တွေလည်း  ရှိလာတယ်။ လက်ရှိအချိန်မှာ    ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများဟာ အချို့သော EAOs များထံက မြစ်ဖျားခံလာခဲ့တာ တွေ့ရမှာဖြစ်တယ်။ 

 


တပ်မတော်အနေနဲ့        ထာဝရငြိမ်းချမ်းရေး      ရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့     အကြမ်းဖက်အဖွဲ့အစည်းကို    အားပေး ထောက်ခံတဲ့အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တွေနဲ့ အမြဲမပြတ် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်။ 

 


လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဒို့နိုင်ငံအနေနဲ့ တိုင်းရင်းသားအားလုံး    စုစည်းကြိုးပမ်းမှုကြောင့်   လွတ်လပ်ရေး ရရှိခဲ့တာ (၇၅)နှစ် ပြည့်မြောက်မှာဖြစ်တယ်။ အခုလို စိန်ရတုလွတ်လပ် ရေးနေ့ အကြိုကာလမှာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ရေးနဲ့     နိုင်ငံသာယာဝပြောရေးအတွက်    ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၄ နှစ်ကျော်ကာလ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်။ 

 


ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် နိုင်ဖို့      ဖိတ်ခေါ်ကမ်းလှမ်းချက်တွေနှင့်အတူ   ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါ    သဘောတူညီချက်များအတိုင်း    ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရဲဘော်တို့ကို အသိပေး လိုတယ်။       ဒို့တပ်မတော်အနေနဲ့   နိုင်ငံတစ်ဝန်းလုံး   တည်ငြိမ် အေးချမ်းမှုရှိစေဖို့အတွက်   ပြည်တွင်းသောင်းကျန်းမှု  နှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးတွေကို  လုပ်ဆောင်နေရတာတွေရှိတယ်။ အပြစ်မဲ့ပြည်သူများနဲ့    ကျန်းမာရေး၊   ပညာရေး၊   အုပ်ချုပ်ရေး ဝန်ထမ်းတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်လိုတဲ့     ပြည်သူတွေရဲ့   ဘဝလုံခြုံမှုကို   ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့ တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်း သည်အထိ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တပ်မတော်တွေ ဟာလည်း ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တာမရှိကြောင်း အသိပေးလိုတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို   ကူညီထောက်ပံ့ပေးတာတွေ   မလုပ်ကြဖို့နဲ့  ဥပဒေဘောင်အတွင်းမှာ   နေထိုင်ကြဖို့    ဒီနေရာကနေ   တိုက်တွန်း လိုတယ်။

 


ဒါ့ပြင် တစ်ဖက်သတ်တောင်းဆိုမှုတွေမလုပ်ဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်တဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားတဲ့ သဘောထား ခံယူချက်ကို မွေးမြူကြပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့    ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို   ရည်မှန်းချက်ထား ကာ   အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှုတွေ    ပြုလုပ်သွားဖို့လိုကြောင်း ပြောကြားလိုတယ်။         တပ်မတော်အနေနဲ့    ဒို့တာဝန်အရေးသုံးပါးကို  ထိပါးမယ့်အချက်တွေကို လက်မခံဘဲ နိုင်ငံသားအားလုံးရဲ့ အမျိုးသား အကျိုးစီးပွားကို    ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး    ရေရှည် တည်တံ့ခိုင်မြဲတဲ့      ထာဝရငြိမ်းချမ်းရေးအတွက်    လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ခိုင်ခိုင်မာမာပြောကြားလိုတယ်။ 

 


ခြိမ်းခြောက်အကျပ်ကိုင်မှုရှိတဲ့အခြေအနေမျိုးဟာ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။  လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်းမှုရှိပြီး လက်နက်ကိုင် အနိုင်ကျင့်ခြိမ်းခြောက် ဗိုလ်ကျမှုများနဲ့ ကင်းစင်ဖို့ အရေးကြီးတယ်။ 

 


ရဲဘော်တို့ 


၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလမှာ  ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့    ဆောင်ရွက်ခဲ့တဲ့   အလွန်ဆိုးရွားတဲ့    မဲစာရင်း မှားယွင်းမှုတွေအပေါ် တပ်မတော်အနေနဲ့ ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း ဖြေရှင်းပေးခြင်း မရှိခဲ့တဲ့အပြင်  တတိယ အကြိမ်   လွှတ်တော်ခေါ်ယူပြီး  နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့ ကြံစည်ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတော်ကို    အရေးပေါ်အခြေအနေကြေညာရပြီး    ၂၀၂၁  ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးတော့ နိုင်ငံတော်ရဲ့တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခေတ္တတာဝန်ယူ  ထိန်းသိမ်းဆောင်ရွက်နေရတာ  ရဲဘော်တို့အသိပဲ ဖြစ်တယ်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစကာလက ဆူပူ ဆန္ဒပြမှုတွေ၊  ကန့်ကွက်မှုတွေ၊   ထောက်ခံမှုတွေ   မျိုးစုံရှိခဲ့တယ်။ နောက်ပိုင်းမှာ   သာမန်ဆန္ဒပြမှုအဆင့်ကတစ်ဆင့်  အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေအထိ ဆောင်ရွက်လာခဲ့ကြ တယ်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအတွင်း စီးပွားရေးနဲ့ပတ်သက်ပြီး ထိခိုက်ခဲ့ရတာတွေရှိတဲ့အတွက် တပ်မတော် အနေနဲ့   ၂၀၀၈ ခုနှစ်    ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ   ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ       ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေရတယ်။ 

 


ရဲဘော်တို့ 


တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေတဲ့အချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး   ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်။     ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် မဲစာရင်းစစ်ဆေးတာ တွေ၊ မဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ကာ ဆန္ဒမဲပေးနိုင်ဖို့အတွက်    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့    စီမံချက် ထားပြီး   ဆောင်ရွက်တာတွေကို   တစိုက်မတ်မတ်  လုပ်ဆောင်နေ တယ်။   မှန်ကန်တဲ့မဲစာရင်းများ  ဖြစ်စေရေးအတွက်လည်း   ပြင်ဆင် ဆောင်ရွက်နေတယ်။

 


ဗီဇပြောင်း  ကိုဗစ်-၁၉  ကပ်ရောဂါနဲ့ပတ်သက်ပြီး နောက်ထပ် ကူးစက်လှိုင်းမဖြစ်စေဖို့၊    ရောက်ရှိမလာစေဖို့အတွက်    ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း အထူးအလေးထား ဆောင်ရွက်နေတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် ယခုလက်ရှိမှာ အခြေခံပညာကျောင်းတွေနဲ့ အဆင့်မြင့်ပညာကျောင်း တွေဖြစ်တဲ့ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား လူငယ်တွေရဲ့ ပညာသင်အရွယ်ကာလတွေကို အလဟဿကုန်ဆုံး မသွားစေဘဲ ပညာရေးအဆင့်အတန်းမြင့်မားစေဖို့ ဆောင်ရွက်ပေး လျက်ရှိတယ်။ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးတို့ကို ဟန်ချက် ညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကွာခြားမှုလျော့နည်းစေဖို့အတွက်လည်း ကဏ္ဍပေါင်းစုံမှာဖြစ်နိုင်သမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်။ ဒါ့ကြောင့် တစ်ဖက်က နိုင်ငံတော်အနေနဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာဖြစ်သလို မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လည်း ကိုယ်တိုင်ကြိုးစားဆောင်ရွက်ကြရမှာဖြစ်တယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ကောင်းမွန်စွာ စီမံခန့်ခွဲပေးကြရမယ်။ 

 


ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ အဖျက်အမှောင့်လုပ်ငန်းတွေက အဓိကအဟန့်အတားအဖြစ်  ရှိနေတယ်ဆိုတာကိုလည်း သတိပြုဖို့ လိုအပ်တယ်။   ဒါ့ကြောင့်  တရားဥပဒေစိုးမိုးပြီး   တည်ငြိမ်အေးချမ်း မှသာ    လူမှုဘဝတိုးတက်မြင့်မားစေပြီး    ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေကို အလေးထားဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝ ပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့   ပါတီစုံဒီမိုကရေစီစနစ်   ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့    ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့      ပြည်ထောင်စု တည်ဆောက်ခြင်းအပါအဝင်  ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည် ဖော်    ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်    ဒို့တပ်မတော်သားတွေ ကလည်း ကျရာနေရာမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်း အထက်ပါ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်၊ နိုင်ငံရေး လုပ်ငန်းစဉ်  ၂ ရပ် အောင်မြင်စေရေး ပူးပေါင်းပါဝင် ဆောင်ရွက်သွား ရမှာဖြစ်တယ်ဆိုတာ ရဲဘော်တို့ကို အသိပေးပြောကြားလိုတယ်။ 

 


ရဲဘော်တို့


ဒို့နိုင်ငံရဲ့   သမိုင်းကြောင်းမှာ    ဘုရင်တွေဟာ   ဒေသအလိုက် အပိုင်စား၊  နယ်စား၊  မြို့စား၊  ရွာစားတွေကို  အုပ်ချုပ်ပိုင်ခွင့်တွေ ပေးအပ်ပြီး   ဘုရင့်ထံမှာ  သစ္စာခံစေခဲ့တဲ့ အုပ်ချုပ်မှုစနစ်ကျင့်သုံးခဲ့ တာကို တွေ့ရှိရတယ်။ ညောင်ရမ်းခေတ် သာလွန်မင်းလက်ထက် (အေဒီ-၁၆၃၇)ကစပြီး အရပ်ရပ်အုပ်ချုပ်ရေး အမိန့်တော်ထမ်း၊ ရာထူး အလျောက် စီရင်ပိုင်ခွင့်အာဏာများ ထုတ်ပြန်တာဝန်ပေးအပ်ခဲ့တယ်။ ဘုရင်က တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး စနစ်တကျအုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။

 


လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက်ပိုင်း  ဒို့နိုင်ငံဟာ ကိုလိုနီစနစ် အောက်မှာ တောင်တန်းဒေသနဲ့  ပြည်မကို အုပ်ချုပ်ရေး ၂ ခု ခွဲခြား အုပ်ချုပ်ခံခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် မှာလည်း      အစိုးရအဆက်ဆက်က    ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်  ဒီမိုကရေစီစနစ်အပါအဝင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ကြတာကို  တွေ့ရမှာဖြစ်တယ်။  ဒို့နိုင်ငံဟာ  နေရာဒေသ အလိုက်  ပထဝီအနေအထား၊  တိုင်းရင်းသားလူမျိုးစုများ၊  ဘာသာ စကား၊ ကိုးကွယ်ယုံကြည်မှု စတဲ့ မတူကွဲပြားမှုများစွာနဲ့ သမိုင်းအစဉ် အဆက်မှာ  အတူတကွပေါင်းစည်းနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေမြေ ပိုင်နက်   နယ်နိမိတ်နဲ့   အချုပ်အခြာအာဏာပိုင်   တည်တံ့ခိုင်မြဲပြီး ခိုင်မာတဲ့ သမိုင်းကြောင်းရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ 

 


ဒီလို သမိုင်းကြောင်း    အစဉ်အဆက်မှာ   တိုင်းရင်းသားများနဲ့ ပေါင်းစည်းနေထိုင်လာခဲ့တဲ့ ပြည်ထောင်စုဖြစ်တဲ့အပြင် ဒို့ရဲ့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “ ပြည်ထောင်စု (Union) ” ဆိုတဲ့စကားကို  ရွေးချယ်ပေးခဲ့တာဖြစ်တဲ့အတွက် မိမိတို့ အနေနဲ့ အလေးထားအကောင်အထည်ဖော်နေတာ ဖြစ်တယ်။

 


ပြည်သူက ရွေးချယ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့   ပြည်ထောင်စုကြီးအဖြစ်   ခိုင်ခိုင်မာမာတည်ဆောက်သွားဖို့လို တယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူက ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုတာ လုပ်ပိုင်ခွင့် အာဏာနဲ့ ရပိုင်ခွင့်တွေကို မျှဝေ ခွဲဝေ ခံစားစေတာ ဖြစ်တယ်။   ဖက်ဒရယ်နဲ့   ပတ်သက်ပြီး ဘယ်လိုပဲ အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ ဒို့နိုင်ငံနဲ့ သဟဇာတ ဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ပြီး တည်ဆောက်သွားကြ ရမယ်။ 

 


ဒါ့ကြောင့်လည်း   ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို  အခြေခံတဲ့ ပြည်ထောင်စုကြီး  ပေါ်ထွန်းလာစေရေးအတွက်  အရေးပေါ်ကာလ ဆိုင်ရာ   ပြဋ္ဌာန်းချက်များနဲ့အညီ   အခြေခံကောင်းများရရှိအောင် ဆောင်ရွက်ပြီး   လွတ်လပ်ပြီး    တရားမျှတတဲ့   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တိုင်းရင်း သားအားလုံး  အချိုးကျကိုယ်စားပြုပါဝင်နိုင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်နေတယ်။

 


ဒီလိုဆောင်ရွက်နေတာဟာ     တပ်မတော်အနေနဲ့   နိုင်ငံရေး လုပ်နေတာ မဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ပုံဖော်နေတာဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူအားလုံးနဲ့  နိုင်ငံတော်ရဲ့  အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေးတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင် နေတာဖြစ်ကြောင်း ပြောကြားလိုတယ်။

 


ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့


(၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ ဖြစ်တဲ့-


-    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကို   ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့်     ဖက်ဒရယ်စနစ်ကို       အခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ကူညီဆောင်ရွက်ရေး။
-    နိုင်ငံတော်အစိုးရ၏    အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အဓိကဆောင်ရွက်လျက်ရှိသည့်       တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာပေါများဖူလုံရေး လုပ်ငန်းစဉ် များတွင်   တပ်မတော်အနေဖြင့်    ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ယူဆောင်ရွက်ရေး။
-    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်     ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က တိုင်းရင်းသားပြည်သူ အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရေး။
-    ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို     အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလ ဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး     တရားမျှတသော     ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး  တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။
-    နိုင်ငံတော်၏   အမျိုးသားအကျိုးစီးပွားကို   ကာကွယ် စောင့်ရှောက်ရန်     အင်အားတောင့်တင်းပြီး      စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက် ရေး။
ဆိုတဲ့  ဦးတည်ချက်များနဲ့အညီ ဆက်လက်ထမ်းဆောင်သွား ကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက်တယ်။