
နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ် များမှ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ သီးခြားစီ သွားရောက် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထိုသို့ တွေ့ဆုံအမှာစကားပြောကြား ရာတွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်၍ မဲမသမာမှု ၁၀ ဒသမ ၄ သန်းကျော် ဖြစ်ပေါ်နေမှုကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့သို့ လိုအပ်သလို ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ မဖြေရှင်းခဲ့သည့် အပြင် နိုင်ငံတော်အာဏာကို လွှတ်တော်အသစ် ခေါ်ယူခြင်းမှတစ်ဆင့် အဓမ္မရယူရန်ကြံရွယ်လာမှု အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၄၁၇၊ ၄၁၈နှင့် ၄၁၉တို့နှင့်အညီ နိုင်ငံတော်၏ အာဏာ (၃)ရပ်ကို ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်နေသည် မှာ (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး အာဏာသိမ်း ခြင်းမဟုတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက် လျက်ရှိကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲသည် အဓိကဖြစ်၍ တရားမျှတမှန်ကန်မှုမှာ အသက်တမျှ အရေးကြီးကြောင်း၊ သို့မှသာ မှန်မှန်ကန်ကန် ရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ကိုယ်စားလှယ်များမှတစ်ဆင့် နိုင်ငံအကြီးအကဲ နှင့် အစိုးရအဖွဲ့များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်လမ်းကြောင်းမဟုတ်ဘဲ နိုင်ငံတော် အာဏာ အဓမ္မရယူမှုကို မည်သည့်နိုင်ငံနှင့် နိုင်ငံသား များကမှ လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ယနေ့တိုင် အချို့အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပ နိုင်ငံသားအချို့ သည် တပ်မတော်မှ အာဏာထိန်းသိမ်းမှုအပေါ် အာဏာသိမ်းခြင်းသာဖြစ်သည်ဟု အယူအဆလွဲမှား နေပါကြောင်း။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့ချိန်အတွင်း ပါတီအတွင်း ကွဲပြားမှု များ၊ ခါးပိုက်ဆောင်တပ်များ၊ လက်သပ်မွေးမှုများ၊ ပြည်ပကျူးကျော်မှုများ၊ ဂိုဏ်းဂဏကွဲပြားမှုများ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်ငြိမ်မှု ပျက်ပြားနိုင်သော အခြေအနေတို့ကြောင့် အိမ်စောင့် အစိုးရအဖြစ် ခေတ္တထိန်းသိမ်းခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့်ပါတီအား အာဏာပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း၊ သို့သော် ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအကျပ်အတည်းများနှင့် တည်ငြိမ်မှုယိုယွင်းလာမည့် အခြေအနေကြောင့် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခဲ့ရကြောင်း။
တော်လှန်ရေးကောင်စီအနေဖြင့် ပါလီမန် ဒီမိုကရေစီ၏ အားနည်းချက်များအား အဖြေရှာလျက် တစ်ပါတီစနစ်ဖြင့် ဆက်လက်လျှောက်လှမ်းရန် လိုအပ်ခြင်းရှိခဲ့၍ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖျက်သိမ်းလျက် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့ ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်း နှင့်အတူ အထွေထွေနိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့၍ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းခဲ့ရကြောင်း၊ တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်ကိုသွားလိုသော ပြည်သူများ၏ ဆန္ဒအရ တပ်မတော်အနေဖြင့် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဖျက်သိမ်း၍ လက်ရှိ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အချိန်ယူရေးဆွဲခဲ့ကြောင်း။
လက်ခံထား
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေ ဖြင့် နိုင်ငံတော်အာဏာထိန်းသိမ်းရာ၌ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများဆန္ဒဖြစ် သည့် ပါတီစုံဒီမိုကရေစီစနစ်အတွက် ရည်မျှော်ရေးဆွဲ ထားပြီး ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ အတည်ပြုထားသည့် ဥပဒေဖြစ်ကြောင်း၊ ပြည်သူများ လိုလားသော ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော် သားများအားလုံးမှာလည်း လက်ခံထားသဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းမရှိခဲ့ ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အရေးပေါ်ကာလသတ်မှတ်ချက် ဥပဒေ ပုဒ်မ ၄၁၇၊ ၄၁၈နှင့် ၄၁၉ အတိုင်း မဲမသမာမှုများ စစ်ဆေးဖြေရှင်းမှုမှတစ်ဆင့် အရေးပေါ်ကာလ ဥပဒေ အရပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များ ဆောင်ရွက်ပြီးပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များတွင် နောက်ဆုံးအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း။
လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန် နယ်မြေတည်ငြိမ် အေးချမ်းရန်နှင့် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် လိုကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ မဲဆွယ်စည်းရုံးမှု မလုပ်ဆောင်နိုင်ခြင်း နှင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးချင်းစီက အေးချမ်းစွာ မဲမပေးနိုင်ပါက ကိုယ်စားလှယ်အမတ် များ ရွေးချယ်တင်မြှောက်နိုင်မည်မဟုတ်၍ ဒေသ နှင့် ပြည်သူများအတွက် နစ်နာမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်၍ အရေးပေါ် ကာလ ပြဋ္ဌာန်းချက်များအတွင်း၌သာ ဆောင်ရွက်နိုင် မည်ဖြစ်ပြီး အမြဲတမ်း ထိန်းသိမ်းထား၍မရကြောင်း၊ နိုင်ငံစီးပွားပျက်စီးစေလိုသည့် ပြည်တွင်းပြည်ပ မလိုတမာသူများ၏ သွေးထိုးမှုများကို နားယောင်၍ နားလည်မှုလွဲမှားနေသူတချို့ရှိ၍ နားလည်မှုမလွဲမှား စေလိုကြောင်း၊ ကိုယ်ကျိုးစီးပွားအရ ပြည်ပနိုင်ငံကြီး အချို့သည် မိမိတို့နိုင်ငံရေးအကျပ်အတည်းကို အခွင့် ကောင်းယူ၍ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်မှုသည် ပြည်သူလူထုကို များစွာထိခိုက်စေကြောင်း၊ ဘက်ပေါင်းစုံမှ ဖိနှိပ်မှုမှတစ်ဆင့် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြံရွယ်ချက်များကိုလည်း လက်ခံဖွယ်ရာ မရှိပါကြောင်း။
မိမိတို့နိုင်ငံသည် ဒေသတွင်း အင်အားကြီး နှစ်နိုင်ငံကြားတွင်ရှိပြီး နိုင်ငံတော်အနေဖြင့် လွတ်လပ် ၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ ကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအားလုံး နှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးမူများကို စောင့်ထိန်း၍ ဆက်လက်ရပ်တည်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နှစ်အတွင်း ဘက်ပေါင်းစုံမှ ခက်ခဲသည့် အကျပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းကောင်း များအပါအဝင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ဖြင့် အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ် ရန်ဟူသည့် ခံယူချက်ဖြင့် တာဝန်ထမ်းဆောင်နေကြ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး အတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဒါကြောင့် နိုင်ငံတော် ကာကွယ်လိုသော ဆန္ဒ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော တာဝန်များအရ မှန်မှန်ကန်ကန် ရပ်တည် ၍ ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း။
မှန်ကန်စွာသုံးသပ်
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့တို့၏ လူမှုကွန်ရက် များမှ မဟုတ်မမှန်ဝါဒဖြန့်မှုများကို စဉ်းစားဆင်ခြင် ဉာဏ်ဖြင့် မှန်ကန်စွာ သုံးသပ်ရန်လိုကြောင်းနှင့် မိမိတို့ပတ်ဝန်းကျင်ကိုလည်း သတင်းမှန်များ ဖြန့်ဝေ အသိပေးရန်လိုကြောင်း၊ တပ်မတော်၏ ကောင်းမွန် သော ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ စွမ်းရည်များ ထက်မြက်နေရန် ဆောင်ရွက်သွားရန်လိုကြောင်း၊ တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည် မုချအောင်မြင်မည်သာဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားသော ခိုင်မာ တောင့်တင်းသည့် အဖွဲ့အစည်းဖြစ်၍ စည်းလုံး ညီညွတ်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်