တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

 

နေပြည်တော်  ဇန်နဝါရီ   ၄


တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌    ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်   မိန့်ခွန်းပြောကြား ပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။


တက်ရောက်


အဆိုပါ      အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ    သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်နှင့်   အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ        ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး သီရိပျံချီ စည်သူမောင်မောင် အေးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီး ချုပ်(ရေ)  ဗိုလ်ချုပ်ကြီး    ဇေယျ ကျော်ထင်  စည်သူ  မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး    ဇေယျကျော်ထင် စည်သူ  ထွန်းအောင်နှင့်    ဇနီး၊ ပြည်ထောင်စုအဆင့်  ပုဂ္ဂိုလ်များ နှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ   ဂုဏ်ထူး ဆောင်တံဆိပ်   လက်ခံရယူကြ မည့်   အရာရှိ၊    စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကား    ပြောကြားရာတွင် ရဲဘော်အချင်းချင်းအပေါ် ထားရှိ သည့် မေတ္တာတရား၊ သံယောဇဉ် တရား၊ သစ္စာစောင့်သိမှုတရားများ ကို ရှေ့တန်းတင်ပြီး  တိုင်းပြည် နှင့်  လူမျိုးအတွက်  နိုင်ငံတော် ကာကွယ်ရေး    တာဝန်များကို ရွပ်ရွပ်ချွံချွံ          ရဲစွမ်းသတ္တိ ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြ သူများကို နှစ်စဉ် ဇန်နဝါရီလ ၄ ရက်ရောက်သည့်      အခါတိုင်း တပ်မတော်     စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ   ဂုဏ်ထူး ဆောင်ဘွဲ့/ တံဆိပ်နှင့်လက်မှတ် များ      ချီးမြှင့်အပ်နှင်းလျက်ရှိ ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်    အချုပ်အခြာ အာဏာ      တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည်   နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့ထံ ရောက်ရှိလာသည့်   သမိုင်းပေး တာဝန်များကို ရဲစွမ်းပြောင်မြောက် သည့်    သူရသတ္တိအပြည့်ဖြင့် အသက်၊  သွေး၊ ချွေး၊  ခန္ဓာတို့ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြ သည့်  နိုင်ငံသားကောင်းများကို ယခုကဲ့သို့    လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်းဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ချီးမြှင့် ပေးခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်  လူငယ်များနှင့်      မျိုးဆက်သစ် တပ်မတော်သားများ     အတွက် အဖိုးတန်   စိတ်ဓာတ်ကောင်းများ ကို    အားကျအတုယူစေရန်ပင် ဖြစ်ကြောင်း။


ကာကွယ်စောင့်ရှောက်


အတိတ်ကာလမှ ယနေ့ထက် တိုင် နယ်ချဲ့အင်အားကြီးနိုင်ငံများ သည် ၎င်းတို့၏ အကျိုးစီးပွားကို သာ   ဦးစားပေးပြီး  နိုင်ငံငယ်များ အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး စသည့်နည်းလမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက်ခြယ်လှယ် နေကြကြောင်း၊ ထိုသို့ လုပ်ဆောင် နိုင်ရန်အတွက် ၎င်းတို့သည် ယင်း နိုင်ငံငယ်များကို ဦးစွာ တိုင်းရင်း သားလူမျိုးအချင်းချင်း   စည်းလုံး ညီညွတ်မှုပျက်ပြားအောင်၊ အစိုးရ နှင့်ပြည်သူ၊ ပြည်သူနှင့် တပ်မတော် ကြားသွေးကွဲသွားအောင်   နည်း ပညာအား၊ မီဒီယာအားများဖြင့် အရင်ဆုံး     ထိုးနှက်တိုက်ခိုက်မှု များ    ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့်  တပ်မတော်သားများ အပါအဝင် တိုင်းရင်းသားပြည်သူ များအနေဖြင့်   အသိ၊   သတိနှင့် ယှဉ်ပြီး မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို      ကာကွယ် စောင့်ရှောက်ကြရန်     လိုအပ် ကြောင်း။


မိမိတို့နိုင်ငံသည် သမိုင်းကနေ ရရှိခဲ့သည့် အတွေ့အကြုံသင်ခန်း စာများကြောင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ    ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင် လျက်ရှိကြောင်း၊     နိုင်ငံတကာ ရေးရာကိစ္စရပ်များတွင် ဘက်လိုက် မှုမရှိဘဲ     လွတ်လွတ်လပ်လပ် တရားမျှတမှုအပြည့်နှင့် ရပ်တည် နေသကဲ့သို့ လူသားအချင်းချင်း အပေါ်တွင်သာမက နိုင်ငံအချင်း ချင်းအပေါ်၌ပါ    တန်းတူညီတူ ဆက်ဆံသည့်    နိုင်ငံတစ်ခုဖြစ် ကြောင်း၊  ထိုကဲ့သို့   နေထိုင်သည့် တိုင် နိုင်ငံတော်၏လွတ်လပ်ရေး နှင့်     အချုပ်အခြာအာဏာကို သွေးတိုးစမ်းသည့် အဖျက်အမှောင့် လုပ်ရပ်များ    ရှိခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ အစဉ်အလာ ကောင်းများနှင့်အညီ   ပြန်လည် ချေမှုန်းခဲ့ရသည့် သမိုင်းဝင်တိုက်ပွဲ ပေါင်းများစွာလည်း     ရှိခဲ့ပြီးဖြစ် ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး အတွက် “ရဲသော်မသေ သေသော် ငရဲမလား”ဟူသည့် ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး   တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်    စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများသည် စစ်မှန် သည့်  အာဇာနည်သူရဲကောင်း များဖြစ်ကြပြီး     မြန်မာ့သမိုင်း မှတ်တမ်းတွင်   မော်ကွန်းထိုးထား ဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့  မျိုးချစ် တပ်မတော်သား သူရဲကောင်းများ ၏ အမည်နာမများသည်ဘယ်သော အခါမှ  တိမ်မြုပ်ပျောက်ကွယ်သွား မှာ   မဟုတ်ဘဲ  ခေတ်အဆက်ဆက် သမိုင်းစဉ်ဆက်ထာဝရ မွှေးပျံ့နေ မည်ဖြစ်ကြောင်းကို    ပြောကြား လိုကြောင်း။


ဆက်လက်ထိန်းသိမ်း


ယနေ့အခါတွင် ဘက်စုံစစ်ပွဲ သဘောတရားများကြောင့် တိုက်ပွဲ များသည်    တောတောင်များ အတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများ အထိ     ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည့်အတွက်   ရှေ့တန်း နယ်မြေသည်     ပိုမိုကျယ်ပြန့် လာသည်ကို    တွေ့ရှိရကြောင်း၊ ကိုယ့်နိုင်ငံ၊   ကိုယ့်လူမျိုးအကျိုး အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို    အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင် ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန် အမျိုးသမီးတိုင်း  လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်များပင်     ဖြစ် ကြောင်း၊ ထိုကဲ့သို့စွမ်းဆောင်ရည် များ ပေါ်ထွက်လာခြင်း၏ အခြေခံ သည် မိမိနိုင်ငံအပေါ် ထားရှိသည့် စစ်မှန်သည့်  မျိုးချစ်စိတ်ကြောင့် ပင်ဖြစ်ကြောင်း၊   တပ်မတော်၏ အဓိကအမာခံ အရန်အင်အားများ ဖြစ်သည့်    ရဲမေမိသားစုဝင်များ သည်  အရေးကြုံပါက   သက်လုံ ကောင်းစွာ     မိသားစုဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူ များဖြစ်ခဲ့ကြသောကြောင့် စစ်မှန် သည့်       မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။


အများတကာ လုပ်ဆောင်နိုင် ရန်   ခဲယဉ်းသည့်   တာဝန်များကို စွန့်လွှတ်စွန့်စားမှု     အပြည့်ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူ များအတွက် နှစ်စဉ်လွတ်လပ်ရေး နေ့       အခမ်းအနားများတွင် တပ်မတော်စွမ်းရည်   သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ   ဂုဏ်ထူး ဆောင်ဘွဲ့/တံဆိပ်နှင့် လက်မှတ် များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးလျက်ရှိရာ ယခုအခမ်း အနားတွင် သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၂၅ ဦးကို ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ရဲသူရ တံဆိပ်ရရှိသူ ကိုးဦး၊ ရဲဗလတံဆိပ် ရရှိသူ ၉၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမ)ဆင့်ရရှိသူ  ၁၄  ဦး၊   စီမံ ထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံထူးချွန်တံဆိပ်(တတိယ) ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန် တံဆိပ် (ပထမ) ဆင့်ရရှိသူ သုံးဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယ)ဆင့် ရရှိသူ  ခြောက်ဦး၊   လူမှုထူးချွန် တံဆိပ်   (တတိယ)   ဆင့်ရရှိသူ သုံးဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမ)ဆင့်ရရှိသူ  ငါးဦး၊  နည်း ပညာထူးချွန်တံဆိပ်(ဒုတိယ) ဆင့် ရရှိသူ ၁၀ ဦး၊  နည်းပညာထူးချွန် တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ သူရဲကောင်းလက်မှတ်ရရှိ သူ ၁၁၁ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏  ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ      ၄၈၀    တို့ကို လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား     သက်ဆိုင်ရာ တိုင်းမှူးများက   တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ကြောင်း။


ယနေ့  တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ     ဂုဏ်ထူးဆောင် တံဆိပ်များ    ချီးမြှင့်အပ်နှင်းခြင်း ခံကြရသူများသည်   နိုင်ငံတော် ကာကွယ်ရေး      တာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ကျရာ တာဝန်များကို အသက်ကိုပင်  မငဲ့ ကွက်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ် တာဝန်ထမ်းဆောင်ပြီး မှတ်တမ်း ကောင်းရေးထိုးခဲ့ကြသူများ  ဖြစ် သဖြင့်     ပြည်သူ့သားကောင်း အာဇာနည်များအဖြစ် အမြဲအမှတ် တရ     လေးစားဂုဏ်ယူနေမည် ဖြစ်ကြောင်း။


အမိန့်နှင့်တာဝန်ကို   ဦးထိပ် ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန် ထမ်းဆောင်ခဲ့ကြသည့်    ပြည်သူ့ သားကောင်းဇာနည်များ၏ ဖြူစင် မြင့်မြတ်သည့်     နှလုံးသားများ ကို   မျိုးဆက်သစ်များအနေဖြင့် လေးစားအားကျ     အတုယူလျက် နိုင်ငံတော်က အားကိုးရပြီး ပြည်သူ လူထုက လေးစားအားထားရသည့်      မျိုးချစ်တပ်မတော်  သားကောင်း     ဇာနည်များဖြစ်အောင်  ကြိုးပမ်း ဆောင်ရွက်သွားကြရန်  အလေး အနက်     တိုက်တွန်းမှာကြားလို ကြောင်း ပြောကြားသည်။


ဆုတံဆိပ်များချီးမြှင့်


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး သုံးဦး၊ ဗိုလ်မှူး ကိုးဦး၊ ဗိုလ်ကြီး ၁၀ ဦး၊ ဗိုလ် တစ်ဦး၊ ဒုတိယအရာခံ ဗိုလ်  တစ်ဦး၊   ဒုတိယတပ်ကြပ် တစ်ဦးတို့ကို     ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ  ဂုဏ်ထူး ဆောင်တံဆိပ်များ    ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများ နှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ   ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်ခံရသူ များကို    လက်ဖက်ရည်ဝိုင်းဖြင့်  တည်ခင်းဧည့်ခံခဲ့ပြီး      မြဝတီ တေးဂီတအဖွဲ့က   တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေကြ သည်။


အခမ်းအနားအပြီးတွင်  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်    အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရ သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်