တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၁


တပ်မတော်ဆေးတက္ကသိုလ်၊   ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမ ဆောင်ကြီး၏     စုဝေးခန်းမ၌     ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ချီးမြှင့်သည်။

 


တက်ရောက်


အဆိုပါ သင်တန်းဆင်း   ဂုဏ်ပြုညစာစားပွဲအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ   ဇနီး ဒေါ်ကြူကြူလှ၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)     ဗိုလ်ချုပ်ကြီး    မောင်မောင်အေးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး     မိုးအောင် နှင့်ဇနီး၊     ကာကွယ်ရေးဦးစီးချုပ်ရုံးမှ    တပ်မတော် အရာရှိကြီးများနှင့်  ဇနီးများ၊  ပြည်ထောင်စုဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊    ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်  ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ  တာဝန်ရှိသူများ၊  ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊      စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


ဂုဏ်ပြုညစာ သုံးဆောင်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။  ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ     တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 


ညစာသုံးဆောင်အပြီးတွင်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်    အဖွဲ့ဝင်များသည်     တပ်မတော် ဆေးတက္ကသိုလ်ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏   ဂုဏ်ပြု တီးမှုတ်မှုအား  ကြည့်ရှုအားပေးပြီး  ချီးမြှင့်ငွေများ ပေးအပ်သည်။

 


ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများ ကြည့်ရှုအားပေး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည်    ကျောင်းဆင်းအရာရှိများနှင့်အတူ    ဘွဲ့နှင်းသဘင်ခန်းမဆောင်၌     ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး  ကွပ်ကဲ မှုအောက်  မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများ ဖြင့်   ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို    ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။  
 

 သတင်းစဉ်