တပ်မတော်ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်  ဩဂုတ် ၂၀


ကရင်ပြည်နယ်    ဘားအံမြို့ရှိ နယ်မြေခံ  တပ်မတော်ဆေးရုံ၌ တက်ရောက်   ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်   ဒေသခံပြည်သူ များကို     ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက     သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊     ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုကို   မေးမြန်းအားပေး စကား ပြောကြားပြီး စားသောက် ဖွယ်ရာများ      ပေးအပ်သည်။ ထို့နောက်       ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍  လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ   ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ    တပ်မတော် ဆေးရုံ၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး  ပုသိမ် မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်   ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများကို  ယနေ့တွင် သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊    ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု     အခြေအနေများ ကို     မေးမြန်းအားပေးစကား ပြောကြားပြီး   အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် သည်။


ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများ အတွင်း    လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း  သတင်းရရှိ သည်။                    

သတင်းစဉ်