တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်   ဇူလိုင်   ၈


ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ  ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု ၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက်   တပ်မတော်ဆေးရုံများနှင့်   ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၈၂၀၃  ဦး နှင့် အတွင်းလူနာပေါင်း ၇၇၈၉၁ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။


 ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၄၃၈ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၆၀၃ ဦး စုစုပေါင်း ၁၉၀၄၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာ များကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက် ရှိသည်။ 


ထို့ပြင် ကလေးမီးဖွားလူနာ ၆၃၀၂ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၉၅၇ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၅၂၅၉ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မား ရေးတွင်       ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                                        

သတင်းစဉ်