တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်  ဩဂုတ်  ၅


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ တပ်မတော် ဆေးရုံ၊ ရှမ်းပြည်နယ်တောင်ပိုင်း   တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက် ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊  ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့်  ဒေသခံပြည်သူများအား ယနေ့တွင်    သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့်   ကျန်းမာရေးတိုးတက်မှု  အခြေအနေများကို ရင်းရင်းနှီးနှီး  မေးမြန်းအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့်   စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက်  တိုင်းမှူးများနှင့်  အဖွဲ့ဝင်များသည် ဆေးရုံအတွင်း  လှည့်လည်ကြည့်ရှုပြီး  လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်