တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်  ဖေဖော်ဝါရီ   ၄


ရှမ်းပြည်နယ်       မြောက်ပိုင်း      လားရှိုးမြို့ရှိ    တပ်မတော်ဆေးရုံ၊  ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် မြို့ရှိ     နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌     တက် ရောက်ကုသမှု   ခံယူလျက်ရှိသော   အရာရှိ၊   စစ်သည်၊   မိသားစုများနှင့် ဒေသခံပြည်သူများအား    ယနေ့ တွင်   သက်ဆိုင်ရာ    တိုင်းစစ်ဌာန ချုပ်များမှ         တိုင်းမှူးများနှင့် အဖွဲ့ဝင်များက      သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏   ရောဂါ ဖြစ်ပွားမှု၊       ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် မှုကို    မေးမြန်းအားပေးစကား    ပြောကြားပြီး စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ကြသည်။

 


ထို့နောက်      တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည်     ဆေးရုံများ အတွင်း   လှည့်လည်ကြည့်ရှုကြ၍ လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း    သတင်း ရရှိသည်။  

သတင်းစဉ်