တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်   မတ် ၁


ကချင်ပြည်နယ်    တနိုင်းမြို့ရှိ နယ်မြေခံ    တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ် မတော်အရိုးရောဂါ     အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)  နှင့် တပ်မတော်ဆေးရုံကြီး  (ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့ရှိ  တပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံနှင့်  ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့၌   တက် ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊  စစ်သည်၊   မိသားစုဝင် များ၊ မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်နှင့် ဒေသခံပြည်သူများအား   ယနေ့ တွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ တစ်ဦး ချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေ များကို   ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား   ပြောကြားပြီး အာဟာရဖြည့်     စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။


ထို့နောက်  တိုင်းစစ်ဌာနချုပ် အသီးသီးမှ     တိုင်းမှူးများနှင့် တာဝန်ရှိသူများက    ဆေးရုံများ အတွင်း   လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်