တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ကြည့်ရှုအားပေး

 

နေပြည်တော် ဖေဖော်ဝါရီ ၁၀


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊  စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်း တွင်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် သန်းထိုက်နှင့်  တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့်         ကျန်းမာရေး တိုးတက်ကောင်းမွန်မှု         အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း  အားပေးစကား       ပြောကြားပြီး  အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး   ကိုကိုဦး၊   တိုင်းမှူးနှင့်  တာဝန်ရှိသူများက  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍     လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။


အလားတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေ သော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့်    ဒေသခံပြည်သူများ အား   ယနေ့   နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက် နှင့်  တာဝန်ရှိသူများက   သွား ရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေး  တိုးတက် ကောင်းမွန်မှု     အခြေအနေများ ကို      မေးမြန်းအားပေးစကား ပြောကြားကာ        အာဟာရ ဖြည့်    စားသောက်ဖွယ်ရာများ ပေးအပ် သည်။


ထို့နောက်     တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ     ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်