တပ်မတော်ဆေးရုံကြီး(ခုတင် - ၁၀၀၀)၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော်   စက်တင်ဘာ  ၈


တပ်မတော်ဆေးရုံကြီး  (ခုတင်- ၁၀၀၀)၌  ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ်  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး      မင်္ဂလာဒုံမြို့နယ် တပ်မတော်    ဆေးတက္ကသိုလ်၌ ကျင်းပသည်။   အဆိုပါ   အခမ်း အနားသို့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊  ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံး      ညွှန်ကြားရေးမှူး ဗိုလ်ချုပ်  ကိုကိုလွင်၊   အငြိမ်းစား ဆေးဝန်ထမ်း   ညွှန်ကြားရေးမှူး များ၊ တပ်မတော်ဆေးရုံ/  ဆေး တပ်များမှ တပ်မှူးများ၊ အငြိမ်း စားတပ်မှူးများ၊     အငြိမ်းစား ပါမောက္ခ  ဆရာကြီး/ဆရာမကြီး များ၊ တပ်မတော် ဆေးတက္ကသိုလ် မှ    ပါမောက္ခ/ ဌာနမှူးများနှင့် ဖိတ်ကြားထားသည့်   ဧည့်သည် တော်များ တက်ရောက်ကြသည်။


ထိုသို့ ပထမဆုံး ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုကို ၁၉၉၅ ခုနှစ်တွင် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)၌   ပြုလုပ်နိုင်ခဲ့ ကြောင်း၊ဗြိတိန်နိုင်ငံမှ ကျောက်ကပ်  ခွဲစိတ်ကုသမှုအဖွဲ့နှင့်      ဆေး ဝန်ထမ်းတပ်ဖွဲ့မှ   ပါမောက္ခဆရာ ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ   ပါမောက္ခဆရာဝန်ကြီး များဦးဆောင်ပြီး   လူနာ ၅ တွဲကို ပထမဆုံးအနေဖြင့့် ကျောက်ကပ် အစားထိုး       ခွဲစိတ်ကုသမှုကို  အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊  ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှ ပါမောက္ခဆရာ ဝန်ကြီးများနှင့်    ကျန်းမာရေး ဝန်ကြီးဌာနနှင့်     တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခ ဆရာဝန်ကြီးများ    ပူးပေါင်း၍ တပ်မတော်ဆေးရုံကြီး   (ခုတင်- ၁၀၀၀)တွင် လူနာအတွဲစုစုပေါင်း ၁၉ တွဲ  ကို   ခွဲစိတ်အောင်မြင်ခဲ့ ကြောင်း သိရသည်။


ဆေးဝန်ထမ်း တပ်ဖွဲ့အတွင်း ကျောက်ကပ်အစားထိုး    ခွဲစိတ် ကုသမှုများကို တပ်မတော်ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၌သာ ပြုလုပ် ခဲ့ရာမှ     ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) ၌လည်းကောင်း၊   ၂၀၁၆   ခုနှစ်မှ စတင်၍   တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တပ်မတော် ဆေးရုံ   (ခုတင်-၇၀၀)၌လည်း ကောင်း   အသီးသီးကျောက်ကပ် အစားထိုး   ခွဲစိတ်ကုသမှုများကို အောင်မြင်စွာ   ဆောင်ရွက်နိုင်ခဲ့ သည်။


တပ်မတော်     ဆေးရုံကြီး (ခုတင် - ၁၀၀၀)  တွင်   ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျောက်ကပ် အစားထိုး    ခွဲစိတ်ကုသမှုပေါင်း (၃၀၀)တွဲကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊   ဆေး ဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ယခုဆို လျှင် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုပေါင်း  ၄၃၅ တွဲကို  အောင် မြင်စွာ      ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။        

သတင်းစဉ်