
ညောင်ဦးဖီး၊ ဓာတ်ပုံ - ဥသာ
(ယမန်နေ့မှ အဆက်)
မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်
အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်သောကြောင့် ပညာရပ်ဆိုင်ရာတိုးတက် ရေးကို အရိုးရောဂါဆိုင်ရာဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကို ရရှိခဲ့ ခြင်းပင်ဖြစ်သည်။ အဆိုပါ တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေး ပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀)တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် “AO Principle of Fracture Fixation Basic Course” ခေါင်းစဉ်ဖြင့် အတိုင်ပင်ခံအရိုးခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း စုစည်းဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှအရိုးရောဂါဆိုင်ရာ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါရဂူများ၊ ပါမောက္ခပါရဂူ ကြီးများ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ တပ်မတော် ဆေး တက္ကသိုလ် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသား များ၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခကြီးများ၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ အရိုးရောဂါ ဆိုင်ရာ ပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ မှုသည် မြန်မာ့တပ်မတော်၏ အရိုးရောဂါဆိုင်ရာ ဆေးပညာရပ်တွင် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ် စေခဲ့ပြီဖြစ်သည်။
အဆိုပါ (၂၉) ကြိမ်မြောက် တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးအတွက် အကြိုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့ အသီးသီးမှ အရိုးပါရဂူများအားလုံးကို စုစည်း ချိတ်ဆက်ဆောင်ရွက်ရသည့်နည်းတူ နိုင်ငံတကာမှ အရိုးရောဂါပါရဂူများနှင့် ဆက်သွယ်၍ Continuous Medical Education တစ်ရပ်အနေဖြင့် ခေတ်မီဆေး ပညာရပ်များနှင့် နည်းစနစ်များကို လက်တွေ့ လုပ်ဆောင်နိုင် ရန် ဆွေးနွေးသင်ကြားပေးနိုင်ခဲ့သော ဆေးပညာနှီးနှောပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုလည်းဖြစ်ခဲ့သည်။
အရိုးရောဂါဆိုင်ရာကုသမှု အဆင့်အတန်းကို စဉ်ဆက်မပြတ်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာတွင်ရှိသော အရိုးရောဂါဆိုင်ရာပညာရှင်များစုစည်း၍ ၁၉၅၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ၌ AO ဟူသောအသင်းကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ AO အသင်းကြီး၏ ပင်မတာဝန်မှာ ကမ္ဘာ တစ်ဝန်းရှိ အရိုးရောဂါကုသမှုဆိုင်ရာ လေ့လာရေး နှင့် မူဝါဒကိုချမှတ်သော အသင်းကြီးဖြစ်သည်။ AO အသင်းကြီး၏ ပင်မလုပ်ငန်းတာဝန်သည် ကမ္ဘာ တစ်ဝန်းရှိ အရိုးရောဂါဆိုင်ရာကုသမှု အချက်အလက် များအား စဉ်ဆက်မပြတ်သုတေသနပြုဆောင်ရွက် ပြီး ကုသမှုလမ်းညွှန်မူဝါဒများရေးဆွဲပေးခြင်းနှင့် ကမ္ဘာ့နေရာအသီးသီးတို့တွင် AO Course သင်တန်း များ ပို့ချပေးခြင်းဖြစ်သည်။ ယခုလ ဒုတိယပတ်တွင် ကျင်းပမည့် AO Principle of Fracture Fixation Basic Course သည် အရိုးကျိုးခြင်းများကို စနစ် တကျ နည်းမှန်လမ်းမှန်ဖြင့် နည်းပညာမြင့် နည်း စနစ်များအပေါ်အခြေခံ၍ မှန်ကန်စွာခွဲစိတ်ကုသပြီး မူလအတိုင်းအရိုးပြန်ဆက်စေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ အရိုးကျိုးလူနာများသည် လူမှုအဖွဲ့ အစည်းတွင် ပုံမှန်သွားလာလှုပ်ရှားနိုင်သော လူမှု သုခနှင့် လူမှုဘဝအရည်အသွေး(Quality of Life)ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။ AO Course သင်တန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျင်းပ ပြုလုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခေတ်မီ နည်းပညာပိုင်းဆိုင်ရာနှင့် လက်တွေ့သင်ကြား မှုအတွက် သင်ထောက်ကူပစ္စည်းများဆိုင်ရာ တန်ဖိုးကြီးမားပြီး ကန့်သတ်ချက်များရှိသောကြောင့် လက်လှမ်းမီကျင်းပရန် ခက်ခဲသည့်အတွက် ယခု ကဲ့သို့ မြန်မာနိုင်ငံတွင် တပ်မတော်ဆေးတပ်ဖွဲ့မှ ဦးစီးကျင်းပနိုင်ခြင်းသည် တပ်မတော်၏ပုံရိပ်ကို အရှေ့ရပ်မှနေဝန်းကြီး ပေါ်ထွန်းစေသည့်ပမာ လင်းလက်စေလျက်ရှိပြီး နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်စေ လျက်ရှိသည်။
ဆေးတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့
မြန်မာ့တပ်မတော်သည် တိုက်ပွဲအတွင်းထိခိုက် ဒဏ်ရာပြုစုကုသမှု (Combat Injury Manage- ment) နှင့်ပတ်သက်လျှင် အတွေ့အကြုံများသော ဆေးတပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင့် အလုပ်ရုံဆွေးနွေး ပွဲတွင် တည့်သွင်းကျင်းပသည့် အာဆီယံအဆင့် အရိုးဆရာဝန်များနှင့် ပြုလုပ်သည့် Webinar ဆွေးနွေးပွဲတွင် တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာ(Com-bat Injury)နှင့် ဆက်စပ်အရိုးကျိုးခြင်းနှင့် ပတ်သက်၍ ဦးဆောင်ကဏ္ဍမှ ဆွေးနွေးနိုင်ခဲ့ခြင်း သည် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါလှိုင်း များကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေး အကာအကွယ်ပေးနိုင်မှု အင်္ဂါစဉ် အခြေခံအဆင့် (Low level echelon)မှ ပါရဂူဆေးမှူးငယ်များကို Telemedicine နည်းပညာသုံး ပလက်ဖောင်းများမှ တစ်ဆင့်လိုအပ်သော ဆေးဝါးကုသမှုဆိုင်ရာ အကြံ ဉာဏ်နှင့်စွမ်းဆောင်ရည်တို့ကို လက်ဆင့်ကမ်း ပေးနိုင်ခဲ့သည်။ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာပြုစုကုသမှုနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ သည် မည်သည့်နေရာတွင် ဖြစ်စေဆောင်ရွက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲရှိလာပါက Telemedicine နည်းပညာနှင့်ချိတ်ဆက်၍ ကူညီ ဆောင်ရွက်ပေးနိုင်စေရန်နှင့် သုတေသနတွေ့ရှိချက် များကို အလားတူ ညီလာခံများတွင် ဖတ်ကြားတင် သွင်းနိုင်ရန် နယ်ပယ်ဒေသအသီးသီးမှ မျိုးဆက်သစ် အရိုးရောဂါပါရဂူများအား လှုံ့ဆော် လမ်းညွှန်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးအား နိုင်ငံတကာ အဆင့်မီဆေးရုံကြီးအဖြစ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်မှုပင် ဖြစ်သည်။
ယခင်ကပင် အရိုးရောဂါဆိုင်ရာ ခွဲစိတ်ကုသမှု များနှင့် ရလဒ်များအား သုတေသနပြုလုပ်ခဲ့ကြ သည်။ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆေးပညာနှီးနှော ဖလှယ်ပွဲများပြုလုပ်ခြင်းသည် သုတေသနလုပ်ငန်း များအား တပ်မတော်ဆေးသုတေသနနှင့် ပြည်တွင်း၊ ပြည်ပ ပေါင်းစပ်ဆောင်ရွက်နိုင်မှုဖြင့် တပ်မတော်၏တိုက်စွမ်းအား( Combat Power)ကို အထောက်အပံ့ဖြစ်စေမည့် သုတေသနလုပ်ငန်း များကို နိုင်ငံတကာအဆင့်မီ တိုးမြှင့်ဆောင်ရွက်သွား နိုင်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ အရိုး ရောဂါဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုဆောင်ရွက် ရန် အခက်အခဲများစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ပါမောက္ခ ဆရာဝန်ကြီးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ မှ အရိုးပါရဂူများအားလုံး လွှမ်းခြုံလေ့လာနိုင်ရန် အချိန်ယူဆောင်ရွက်ရခြင်း၊ စာတွေ့ လက်တွေ့ သင်ခန်းစာများလေ့ကျင့်နိုင်ရန် အရိုးတုနှင့် အရိုးခွဲစိတ်မှု သင်ထောက်ကူဆိုင်ရာပစ္စည်းများ ပြင်ဆင်မှုလုပ်ငန်းတို့တွင် ကုန်ကျစရိတ်ကြီးမြင့် ခြင်း၊ နိုင်ငံတကာတွင် အဆိုပါပွဲများတက်ရောက် နိုင်ရန် ငွေကြေးကုန်ကျမှုရှိသော်လည်း မြန်မာနိုင်ငံ တွင် နိုင်ငံတကာအဆင့် အသိပညာအတွေ့အကြုံ များကို တပ်မတော်ဆေးတပ်ဖွဲ့မှ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းတို့သည် တပ်မတော် အရိုးကု ဆရာဝန်များ၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်လျက်ရှိသည်။ အထူးသဖြင့် ဆေးပညာ နှီးနှောဖလှယ်ပွဲကြီး (Main Conference)၏ ပုံရိပ် ကို တန်ဖိုးမြင့်မားစေလျက်ရှိရာ မြန်မာ့တပ်မတော် ဆေးပညာ၏ စွမ်းရည်မြင့်မားမှုကို နိုင်ငံတကာ အဆင့်မီကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် လူ့ခန္ဓာကိုယ်တွင် ဆေးပညာနှင့် ခွဲစိတ်ကုသမှုတို့အတွက် ကျန်းမာရေးကုသမှုအပိုင်း သည် အရေးပါသောကြောင့် အောင်မြင်စွာကုသနိုင် ရန် သုတေသနလုပ်ငန်းသည် အထူးလိုအပ်ခြင်းဖြစ် သည်။ သုတေသနလုပ်ငန်း၏ အသီးအပွင့်သည် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများဖြစ်သော ကြောင့် တပ်မတော်ဆေးတပ်ဖွဲ့အနေဖြင့် နှီးနှော ဖလှယ်ပွဲများနှင့် သုတေသနလုပ်ငန်းသည် အပြန် အလှန်အမှီပြုနေမှုကို ဆက်လက်ဖော်ဆောင်ကျင်းပ ခြင်းဖြင့် နိုင်ငံ၏ဆေးပညာနှင့် တပ်မတော်၏ ဆေးပညာရပ်သည် ဒေသတွင်းနိုင်ငံများကြား၌ ဂုဏ်သတင်း ထွန်းလင်းနေမည်ဖြစ်သည်။ တပ်မတော် ဆေးတပ်ဖွဲ့အား စတင်တည်ထောင်ခဲ့ကြသော ဆေးတပ်ဖွဲ့၏ မိခင်၊ ဖခင်ကြီးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှစတင်၍ ကိုယ်ကျိုးမဖက် မိမိတို့ တတ်သိသောပညာဖြင့် နိုင်ငံလွတ်လပ်ရေး အတွက် တစ်တပ်တစ်အားပါဝင်ခဲ့ကြသော တပ်မတော်ဆေးတပ်ဖွဲ့ဖြစ်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည် ထက်မြက်သော ကုသမှုဆိုင်ရာများကို ကြိုးပမ်း ရှာဖွေနေမည့် တပ်မတော်ဆေးတပ်ဖွဲ့အား ပြည်သူနှင့်တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် အစဉ် လေးစားဂုဏ်ယူနေမည်ဖြစ်ပြီး မြန်မာ့တပ်မတော် ၏ဂုဏ်ကို အစဉ်ထွန်းလင်းတောက်ပစေလျက်ရှိ နေပါကြောင်း (၂၉) ကြိမ်မြောက် တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုရေးသား အပ်ပါသည်။ ။
- Log in to post comments