တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၃


ရဲဘော်စိတ်ဟူသည်    ရဲဘော် အချင်းချင်းအပေါ်  ထားရှိသော မေတ္တာတရား၊  သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု      တရားပင် ဖြစ်သည်နှင့်အညီ  တပ်မတော် တွင်  တာဝန်ထမ်းဆောင်လျက် ရှိသည့် အရာရှိ၊  စစ်သည်  အဆင့် အတန်း  အားလုံး   ရဲဘော်စိတ်  အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့်    အုပ်ချုပ်မှု စနစ်ရှိရန်      လိုအပ်ကြောင်း  တပ်မတော်       အကြီးအကဲမှ    လမ်းညွှန်မှာကြားထား သည်ဖြစ် ရာ  အုပ်ချုပ်မှု    ညီညွတ်မျှတ စေရန်အတွက် ကွပ်ကဲအုပ်ချုပ် ရာ၌  တပ်မှူးကောင်း စိတ်ဓာတ် (Commander   Spirit)၊   ဖခင် သဖွယ်   စိတ်ဓာတ်(Fatherly Spirit)တို့ဖြင့်  ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့်  အနောက် တောင်     တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့်   တာဝန်ရှိသူ များက  သက်ဆိုင်ရာ   ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ  သင်တန်းကျောင်းများ သို့    သွားရောက်၍   အရာရှိ၊    စစ်သည်၊     မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ  အသီးသီးပြုလုပ် ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရေတစ်ပြင်တည်း   နေ့လယ်စာ သုံးဆောင်ကြသည်။

 


ထို့အတူ တိုင်းစစ်ဌာနချုပ်များ အလိုက်     တပ်နယ်အသီးသီးမှ တပ်မတော်  အရာရှိကြီးများက လည်း  ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက်  တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊  စစ်သည်၊  မိသားစုများ အား   ရင်းရင်းနှီးနှီး    တွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍  တက်ရောက် အားပေးကာ အရာရှိ၊  စစ်သည်၊ မိသားစုများနှင့်    အတူတကွ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်