တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၆
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိ သော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့် သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့်  အုပ်ချုပ်မှုစနစ် ရှိရန်   လိုအပ်ကြောင်း  တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ     အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက်   ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ်(Fatherly   Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။ 
ရင်းရင်းနှီးနှီး တွေ့ဆုံ
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ် ဌာနချုပ်နှင့်   အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများသို့  သွားရောက်၍  အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်အတူတကွ လက်ရေတစ်ပြင်တည်း နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။ (ဝဲပုံ)
တက်ရောက်အားပေး
ထို့အတူ တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ် အသီးသီးမှ   တပ်မတော်အရာရှိကြီးများကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့ များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်အတူတကွ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်