တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်    ဩဂုတ်    ၄


ရဲဘော်စိတ်ဟူသည်         ရဲဘော် အချင်းချင်းအပေါ်     ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု     တရားပင်ဖြစ်  သည်နှင့်အညီ တပ်မတော်တွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး   ရဲဘော်စိတ်   အပြည့် ထားရှိပြီး အထက်အောက်ညီညွတ် မျှတသည့်   အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီး အကဲမှ    လမ်းညွှန်မှာကြားထား သည်ဖြစ်ရာ  အုပ်ချုပ်မှုညီညွတ် မျှတစေရန်အတွက်     ကွပ်ကဲ အုပ်ချုပ်ရာ၌     တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)   တို့ဖြင့်  ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ် နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာ ကွပ်ကဲမှုအောက် ရှိ        တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများ သို့    သွားရောက်၍      အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြု စားပွဲများ အသီးသီးပြုလုပ်ပေး၍  တက်ရောက်အားပေးကာ  အရာရှိ၊ စစ်သည်၊  မိသားစုများနှင့်  အတူ တကွ   လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြသည်။

 


အလားတူ  တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ  တပ်မတော်   အရာရှိကြီးများက လည်း  ၎င်းတို့၏    ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့်  နယ်မြေခံသင်တန်းကျောင်းများမှ  အရာရှိ၊ စစ်သည်၊ မိသားစုများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ် ၍     တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်