တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျွန်းစုမြို့နယ်ရှိ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

 

ရန်ကုန်   မေ   ၁၄


တပ်မတော်နယ်လှည့်     အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊  ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား     ဆေးရုံရေယာဉ် (သံလွင်) သည်  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ   ဒေသခံပြည်သူများကို ကျန်းမာရေး       စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေ ၁၃ ရက် ညနေပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သို့ရောက်ရှိကြရာ    ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ    ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ် သစ်လွင်ထူး၊  တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်  သိန်းထူး၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူ များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက  ကြိုဆို နှုတ်ဆက်ကြသည်။

 


အဆိုပါ   တပ်မတော်ပင်လယ်သွား  ဆေးရုံ ရေယာဉ်(သံလွင်)သည်    ယနေ့တွင်    တနင်္သာရီ တိုင်းဒေသကြီး  ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများကို     မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   ကျွန်းရတနာခန်းမ၌    အခြေပြု၍ ဒေသခံပြည်သူ  အမျိုးသား ၃၇၆ ဦး၊ အမျိုးသမီး ၄၃၈ ဦး၊  စုစုပေါင်း   ၈၁၄   ဦးတို့ကို   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရာတွင်  ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၅၅ ဦး၊ ခွဲစိတ်ရောဂါ ၈၅ ဦး၊ ကလေးရောဂါ ၆၄ ဦး၊ သားဖွားမီးယပ်ရောဂါ ၈၃ ဦး၊ အရိုးရောဂါ ၈၃ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၈၇ ဦး၊  မျက်စိရောဂါ ၇၆ ဦးနှင့်  သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့်  ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

 


ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်သူ မျက်စိခွဲစိတ် လူနာ ၁၃ ဦး၊   သွားခွဲစိတ်  လူနာ  ၈၇   ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၁ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့်   နှလုံးစမ်းသပ်လူနာ  ၅၇  ဦး၊ ဓာတ်ခွဲ စမ်းသပ်လူနာ၂၀၄  ဦးတို့ကို  ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးကာ     ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၃ ဦးကို  ဆေးရုံ ရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက    ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်