တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးနိုင်ခဲ့

 

နေပြည်တော်     မေ    ၃
မြန်မာနှင့်ထိုင်း    လေတပ်နှစ်ရပ် အကြား          ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ     ပိုမို မြှင့်တင်နိုင်ရန်အတွက်   ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်         ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ် အဖွဲ့သည်    ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်    Air Chief Marshal Punpakdee   Pattanakul    ၏ ဖိတ်ကြားချက်အရ  ဧပြီ ၃၀ ရက် ညပိုင်းတွင်        ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး    သွားရောက်ခဲ့ ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air  Chief  Marshal  Punpakdee Pattanakul နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လေတပ်အကြား  ချစ်ကြည်ရင်းနှီး မှုနှင့်  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍    တွေ့ဆုံဆွေးနွေးကြ သည်။ 
မေ ၁ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) အား  ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်     Air Chief Marshal Punpakdee Pattanakul  က      ဂုဏ်ပြုတပ်ဖွဲ့ဖြင့်      ကြိုဆို ခဲ့ကြရာ    ကာကွယ်ရေးဦးစီးချုပ် (လေ)   က    ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို         ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား        စစ်ဆေး ခြင်း  ၊      ထိုင်းဘုရင့် လေတပ်မတော်အား  စတင်တည် ထောင်သူ  Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင်  ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့် လေတပ်ဌာနချုပ်     ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်     လက်မှတ် ရေးထိုးခြင်း၊  ထိုင်းဘုရင့်လေတပ် ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်     Air    Chief Marshal Punpakdee Pattanakul နှင့်           တွေ့ဆုံဆွေးနွေးခြင်း များဆောင်ရွက်ပြီး      နှစ်နိုင်ငံ လေတပ်    အထိမ်းအမှတ်တံဆိပ် များ  အပြန်အလှန်လဲလှယ်ပေးအပ် ခဲ့ကြသည်။
ဆက်လက်၍        ထိုင်းဘုရင့် လေတပ်ဌာနချုပ်     onference Room    ၌    တပ်မတော် (လေ) နှင့်   ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်         ပူးပေါင်း ဆောင်ရွက်မှု        တိုးမြှင့်စေရေး ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ကြသည်။
အပြန်အလှန်ဆွေးနွေး
ယင်းနောက် Air War College သို့သွားရောက်ပြီး  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်   လက်မှတ် ရေးထိုးခြင်း၊    Air War College ကျောင်းအုပ်ကြီးနှင့်     တွေ့ဆုံ ဆွေးနွေးခြင်းနှင့် Air War College  တာဝန်ရှိသူတစ်ဦးမှ      Air War College  ၏    သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊   ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊     သင်ကြားမှု နည်းစနစ်များ၊      အပြန်အလှန် ဆွေးနွေးမှုများ၊         Academic ဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပ လေ့လာရေးခရီးစဉ်များ၊ သင်တန်း သားအရည်အချင်း    သတ်မှတ် ချက်များနှင့်ပတ်သက်၍  ရှင်းလင်း ပြသမှုများအပေါ် ကြည့်ရှုလေ့လာ ၍    အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး  သင်တန်းသားအရာရှိ ကြီးများ၏   National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ကြည့်ရှုလေ့လာ
ထို့နောက် တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည်        ရေ အောက်ကမ္ဘာ -Sea Life Paragon Department       Store    သို့   သွားရောက်    ကြည့်ရှုလေ့လာကြ  သည်။ 
ဆက်လက်၍   ကာကွယ်ရေး ဦးစီးချုပ်(လေ)  ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်က       တည်ခင်းဧည့်ခံ သော       ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။ 
မေ ၂ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်(လေ)    ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ် အဖွဲ့သည်        ဘန်ကောက်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရွှေဆင်း တုတော် Wat Traimit Wittayaram Worawihan ဘုရား၊ ရှေးဟောင်း သမိုင်းဝင်  အာရုဏ်   Wat Arun ဘုရားနှင့်   ရှေးဟောင်းသမိုင်းဝင် လျောင်းတော်မူ ဝပ်ဖို  Wat Pho ဘုရားများသို့ သွားရောက်ဖူးမြော် ၍ တော်ဝင်ရေတပ်သင်္ဘောပြတိုက် Royal  Barge  Museum    ကို လေ့လာကြည့်ရှုခဲ့ကြသည်။
 ပြန်လည်ရောက်ရှိ
မေ ၃ ရက်  နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်    (လေ) ဦးဆောင်သော  တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် မြို့သို့    ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော် အရာရှိကြီးများက     ရန်ကုန် အပြည်ပြည်ဆိုင်ရာ       လေဆိပ်မှ ကြိုဆို      နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။     
သတင်းစဉ်