တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  ဇန်နဝါရီ   ၁၂


တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊  စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊    သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊  နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့ရှိ   သာသနာ့ ဝေပုလ္လပရိယတ္တိစာသင်တိုက် ထမ်ခေါင်ကျားခေါင်း ဂူကျိုက်ထီးရိုးတောရကျောင်း၊        မိုင်းဖြတ်မြို့ရှိ ဈေးတန်းဘုန်းတော်ကြီးကျောင်း၊   ရန်ကုန်တိုင်း ဒေသကြီး  မင်္ဂလာဒုံမြို့နယ်     နွယ်ခွေကျေးရွာရှိ နွယ်ခွေအရှေ့ရွာဦးကျောင်းတိုက်၊ မှော်ဘီမြို့နယ် မင်းရွာကျေးရွာရှိ      အနန္တဂုဏ်ရည်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တောရကျောင်း တိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ ငွေချန်တောင်ဘုန်းတော်ကြီးကျောင်း၊ စစ်တွေမြို့ တြွီတဲဘုန်းတော်ကြီး ကျောင်း၊   ဘူးသီးတောင်မြို့    အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာဇံမြို့နယ်  ရတနာကျောင်းသစ် ကျောင်းထူးမြတ်ရိပ်သာ၊     ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်တို့ရှိ ဆရာတော်၊ သံဃာတော်များ နှင့်  သာသနာ့နွယ်ဝင်သီလရှင်များအတွက်  ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊   နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။   


သတင်းစဉ်