တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဩဂုတ်   ၃


တပ်မတော်  (ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်         ရှမ်းပြည်နယ် မြောက်ပိုင်း      တန့်ယန်းမြို့ရှိ အောင်မင်္ဂလာ     မဟာဝိဟာရ ကျောင်းတိုက်၊     ရန်ကုန်တိုင်း ဒေသကြီး       အင်းစိန်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်ရှိ ဒေးဒရဲ ဓမ္မဝါဒီကျောင်းတိုက်၊ မှော်ဘီမြို့ နယ်   ကံကလေးကျေးရွာရှိ  ဓမ္မ ရင်အေးကျောင်းတိုက်၊  ဧရာဝတီ တိုင်းဒေသကြီး      ပုသိမ်မြို့ရှိ ဘုံကျော်မဟာစည်     သာသနာ့ ရိပ်သာနှင့်        နှဲကြိုးကျောင်း ပရိယတ္တိစာသင်တိုက်၊    ရခိုင် ပြည်နယ်     ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီ       ပရဟိတကျောင်းနှင့် အေးစေတီ       ဘုန်းတော်ကြီး ကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ မဟာသန္တိသုခ   ဘုန်းတော်ကြီး ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး      ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံ   ပရိယတ္တိစာသင် တိုက်၊ စဉ့်ကိုင်မြို့ရှိ အောင်ဆုပန် တပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် စဉ့်ကိုင်မြို့နယ်  အင်းကုန်းကျေးရွာ ရှိ       အင်းကုန်းသာသနမာမက   ဘုန်းတော်ကြီး       ကျောင်းတို့မှ သံဃာတော်များနှင့်   သာသနာ့ နွယ်ဝင်        သီလရှင်များအား ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြု   ပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို    တိုင်းစစ်ဌာနချုပ် အသီးသီးမှ      တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်      လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ် သည့်   ကျန်းမာရေးစစ်ဆေးပေး ခြင်းများ   ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။   

သတင်းစဉ်