တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဇူလိုင်   ၂၀


တပ်မတော်  (ကြည်း၊  ရေ၊  လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်       သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊  ပဲ  အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း ခြင်းနှင့်   ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်      ရှမ်းပြည်နယ် (မြောက်ပိုင်း)     နမ့်ဆန်မြို့ရှိ အောက်ဘုရားကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်         နွယ်ခွေကျေးရွာရှိ ပန်းခြံကုန်းကျောင်းတိုက်၊ မှော်ဘီ မြို့နယ်  မင်းရွာကျေးရွာရှိ  အနန္တ ဂုဏ်ရည်ကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး      ပုသိမ်မြို့ရှိ ရတနာပုံကျောင်းတိုက်၊ အိမ်မဲမြို့ ရှိ   ဓမ္မမဉ္ဇူကျောင်းတိုက်၊  ရခိုင် ပြည်နယ်   အမ်းမြို့ရှိ   ဓမ္မသုခ ဝိပဿနာဓမ္မရိပ်သာ ဘုန်းတော် ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ အောင်မြေရတနာဘုန်းတော်ကြီး ကျောင်း၊     တောင်ကုတ်မြို့ရှိ စေတျာရာမ       ဘုန်းတော်ကြီး ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ   သာသနဝေပုလ္လ ကျောင်းတိုက်၊ မကွေးတိုင်းဒေသ ကြီး  မင်းလှမြို့နယ်ရှိ  ကုန်းကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်း နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျောက်ဖူး ကျေးရွာရှိ         ပညာမဏ္ဍိုင် ဘုန်းတော်ကြီး      ကျောင်းတို့မှ သံဃာတော်များနှင့်   သာသနာ့ နွယ်ဝင်       သီလရှင်များအား ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို   တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တာဝန်ရှိသူများက သွားရောက်ဆက်ကပ်   လှူဒါန်း ခဲ့ကြကြောင်း   သတင်းရရှိသည်။ 

သတင်းစဉ်