တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  မတ်    ၂၇


တပ်မတော် (ကြည်း၊ရေ၊ လေ)  အရာရှိ၊ စစ်သည်၊ အရာထမ်း၊    အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့ နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို   ဆောင် ရွက်လျက်ရှိသည်။

 


ဆက်ကပ်လှူဒါန်း


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ   ရွှေပြည်သာပရိယတ္တိ စာသင်တိုက်၊ မှော်ဘီမြို့နယ် ပိန္နဲကုန်းကျေးရွာ ရှိ အောင်ပြည့်လျှံကျောင်းတိုက်၊   ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ပါရိစ္ဆတ္တကာ ရာမကျောင်း၊   ရခိုင်ပြည်နယ်   အမ်းမြို့ရှိ ဝဏ္ဏိတာရာမပရိယတ္တိစာသင်တိုက်၊   စာရု တောင် ဘုန်းတော်ကြီးကျောင်း၊  ကျောက်ဖြူ မြို့ရှိ   မင်းကျောင်းဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းများနှင့်   သာသနာ့ နွယ်ဝင်သီလရှင်ကျောင်း စုစုပေါင်း ကျောင်း၂၀၊ မကွေးတိုင်းဒေသကြီး        မလွန်မြို့နယ်ရှိ ရွှေလသာကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ရေခါးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ် ဝင် သီလရှင်များအား   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။

 


ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်


ထို့အပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်  အမ်း မြို့နယ်ရှိ ရပ်ကွက်၊   ကျေးရွာများမှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား   ၁၂၅ ဦး တို့ကို ယနေ့မွန်းလွဲပိုင်းတွင်   အဆိုပါမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊   အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ် ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက တိုင်းရင်းဆေးဝါးများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ဖြင့် ပူဇော်ကန်တော့ကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က သက်ကြီးဘိုးဘွားများ ကို လိုအပ်သည် ကျန်းမာရေးစစ်ဆေးပေးခြင်း များ  ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။                                        

သတင်းစဉ်