
နေပြည်တော် စက်တင်ဘာ ၂၉
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ဗောဓိကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိသာရဒအမှူးပြုသော သံဃာ တော် ၁၁ ပါးတို့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင် များက သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော် ငါးအိတ်၊ ဆီ ၁၀ ပိဿာ၊ ပဲ ငါးပိဿာနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် သဒ္ဒမ္မဝေပုလ္လကျောင်း၊ ရတနာပင်စည်မြောက်ကျောင်း၊ သုခမြင့်မိုရ်ကျောင်း၊ ရွှေမြိုင် ကျောင်း၊ ဓမ္မဝိဟာရ သီလရှင် စာသင်တိုက်နှင့် လယ်ဝေးမြို့နယ်၊ တောင်သုံးလုံးဇေတဝန်ကျောင်း ၊ ရတနာမာန်အောင် ကျောင်း၊ မြသိန်းတန်ကျောင်း၊ ဘုရားကြီးကျောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရှိ ဒညင်း ကုန်းကျောင်းတိုက်နှင့် မှော်ဘီ မြို့နယ် အင်းတန်ကျေးရွာရှိ စံပယ်ခြံတပ်ဦး ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ ပင်လုံရပ်ကွက်ရှိ ပင်လုံတပ်ဦး ပရိယတ္တိစာသင်တိုက်၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် မဟာသုန္ဒရာရာမကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်