တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ   ၄


တပ်မတော်  (ကြည်း၊  ရေ၊  လေ) အရာရှိ၊   စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက  မြို့နယ်အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေး      စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   အမှတ်(၁၀)ရပ်ကွက်ရှိ     ဓမ္မစင်္ကြာရိပ်သာ ကျောင်းတိုက်၊    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ     မဟာဇေယျသိဒ္ဓိ အဓိဌာန်ကျောင်းတိုက်နှင့် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာ့နွယ်ဝင်သီလရှင် များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊ အလှူ ငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တာဝန်ရှိသူများက သွားရောက်   ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်