တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မေ    ၁၃


တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက  မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး     ကျောင်းများ၊ သာသနာ့နွယ်ဝင်     သီလရှင် ကျောင်းများနှင့်           ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ     ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများကို   ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့ရှိ မဟာဝံသ ကမ္ဘောဇ လောကသရဖူ        အောင်တော်မူ သိမ်ကျောင်း၊          ရှမ်းပြည်နယ် အရှေ့ပိုင်း         မိုင်းဆတ်မြို့ရှိ ကောင်းမှုလျှံ        ဘုန်းတော်ကြီး ကျောင်း၊  ဆိုက်ခေါင်ဘုန်းတော် ကြီးကျောင်း၊  ရန်ကုန်တိုင်းဒေသ ကြီး    လှည်းကူးမြို့နယ်      ရဲမွန် ကျေးရွာရှိ          မဟာအောင်မြေ ကျောင်းတိုက်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝ ကျောင်းတိုက်၊     ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ အောင်သုခ ကျောင်းတိုက်၊     ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပညာမဏ္ဍိုင်ပရိယတ္တိ စာသင်တိုက်၊ ဘူးသီးတောင်မြို့ရှိ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့ရှိ         အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ သူကြီးတောင်     တပ်ဦးဓမ္မဗိမာန် ကျောင်း၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့  ရပ်ကွက်ကြီး(၇)ရှိ တပ်ဦးရွာသစ်     ကျောင်းတိုက်၊ ရပ်ကွက်ကြီး (၁)ရှိ မိုးညိုကျောင်း တိုက်၊ ရပ်ကွက်ကြီး(၄)ရှိ ရတနာ မာန်အောင်ကျောင်းတိုက်၊ ဇယန်း သီလရှင်တိုက်၊   ပဲခူးတိုင်းဒေသ ကြီး   သာယာဝတီခရိုင်    အုတ်ဖို မြို့နယ်  စိန်ကန့်လန့်ကျေးရွာရှိ စလူမြေတပ်ဦးကျောင်း၊    ပြည် ခရိုင် ရွှေတောင်မြို့နယ် မယား မာန်ကျေးရွာရှိ  မဟာစင်္ကြာပါဓ နန်းတော်ဦးစေတီတော်    ဘုန်း တော်ကြီးကျောင်းနှင့် ပေါင်းတည် မြို့ မင်းကွက်(၁)ရပ်ကွက် နန်းဦး ကျောင်းလမ်းရှိ      သာသနာ့ပါလ သီလရှင်ကျောင်းတိုက်တို့မှ သံဃာ တော်များနှင့်   သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊   ပဲ  အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ နှင့်      လှူဖွယ်ပစ္စည်းများကို  တိုင်းစစ်ဌာနချုပ်        အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက     လိုအပ်သည့် ကျန်းမာရေး  စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်