
နေပြည်တော် ဒီဇင်ဘာ ၂၇
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၉) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မြဝတီ ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုး နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက် ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ တပ်မတော်အရာရှိ ကြီးများနှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးတို့သည် စင်မြင့် ထက်တွင် နေရာယူကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်းတစ်ဦး ချင်းစီကို ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်သည်။
ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများကို ဒုတိယဗိုလ်အဆင့် ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုး သမီးအရာရှိ ဗိုလ်လောင်းသင်တန်းအား တပ်မတော် အတွက် အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိ များ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြား ခဲ့ပြီး ယခုအခါဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းအမှတ် စဉ် (၉) အထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်းနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိများ အနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ)လက်ရုံး တပ်ဖွဲ့များတွင် အသီးသီး တာဝန်ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်