တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၆


တပ်မတော်(ကြည်း)   ဗိုလ်သင် တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း        အမှတ်စဉ်  (၁၂၅) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က    ဗထူးတပ်မြို့ရှိ   အဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူး ခန့်ထားရေး        ခန်းမဆောင် (Commissioning     Hall)  ၌ ကျင်းပရာ       ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ      စစ်ရာထူး ခန့်ချုပ်      ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊   ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်    မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း   ဗိုလ်လောင်းများ တက်ရောက်ကြသည်။

 


အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊         ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်   နေရာယူကြသည်။ ဆက်လက်ပြီး  စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က   ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီကို     ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်ပြီး နောက် အမှာစကားပြောကြားပြီး အခမ်းအနားကို     ရုပ်သိမ်းလိုက် သည်။

 


တပ်မတော်(ကြည်း)   ဗိုလ် သင်တန်းကျောင်း    (ဗထူး)ကို ၁၉၄၆   ခုနှစ်တွင်  ပြင်ဦးလွင်မြို့ တွင်        စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁ မှ ၁၆)အထိလည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့       ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇ မှ ၂၈)အထိလည်း ကောင်း၊   ၁၉၆၁   ခုနှစ်တွင် သင်တန်းများ      ဖွင့်လှစ်ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၆၃ ခုနှစ် တွင် ဗထူးတပ်မြို့မှ   မှော်ဘီမြို့ သို့    ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉ မှ ၈၂)အထိ လည်းကောင်း၊ ၁၉၉၁  ခုနှစ်တွင်   မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့      ပြန်လည် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး    ဗိုလ် လောင်း     သင်တန်းအမှတ်စဉ် (၈၃ မှ ယနေ့)အထိ ဗိုလ်လောင်း များကို    လေ့ကျင့်သင်ကြားပေး လျက်ရှိကာ      အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။ 

 


ယနေ့ကျင်းပသည့် ပြန်တမ်း ဝင် အရာရှိခန့်အပ်ခြင်း အခမ်း အနားတွင်      ကျောင်းဆင်း ဗိုလ်လောင်း ၂၀၄ ဦးကို ဒုတိယ ဗိုလ်အဆင့်ဖြင့်   ရာထူးခန့်အပ် ခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်