တပ်မတော် အမှတ် (၂) သံမဏိစက်ရုံမှ ဒလမြို့နယ်သို့ အောက်ဆီဂျင်ဘူးများ လှူဒါန်း

 

ရန်ကုန်    ဇူလိုင်   ၁၇


တပ်မတော် အမှတ်(၂) သံမဏိ စက်ရုံ (မြောင်းတကာမြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း) မှ ရန်ကုန် တောင်ပိုင်းခရိုင်   ဒလမြို့နယ်ရှိ    အောက်ဆီဂျင်   လိုအပ်လျက်ရှိ သည့်    ရောဂါဝေဒနာရှင်များနှင့်   ကိုဗစ်-၁၉ ဝေဒနာရှင်များအတွက် ၄၀ လီတာ အောက်ဆီဂျင်ဘူး အလုံး  ၁၀၀   ထောက်ပံ့လှူဒါန်း ကြောင်း သိရသည်။


တပ်မတော်     အမှတ် (၂) သံမဏိစက်ရုံ     (မြောင်းတကာ   မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) မှ လှူဒါန်းသည့် အောက်ဆီဂျင် များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်  လူမှုကူညီရေးပရဟိတ အသင်းအဖွဲ့များမှ ဇူလိုင် ၁၅ ရက် တွင်   သွားရောက်သယ်ဆောင် ကြပြီး ဇူလိုင် ၁၆ ရက်တွင် ဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်သည်။

အောက်ဆီ ဂျင်များအား ဒလပြည်သူ့ဆေးရုံ၊ SAVE လူမှုကူညီရေးအသင်းရုံးနှင့် အရေးပေါ်    လိုအပ်သူများအား  မြို့နယ်     စီမံအုပ်ချုပ်ရေးရုံးမှ တစ်ဆင့်       မျှဝေပေးမည်ဖြစ် ကြောင်း၊   ဒလမြို့နယ်အတွင်းရှိ ကျန်းမာရေး    စောင့်ရှောက်မှု ပေးလျက်ရှိသည့်   လူမှုကူညီရေး အသင်းအဖွဲ့များမှလည်း အောက် ဆီဂျင်ဘူးများအား     မြို့နယ်စီမံ   အုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ပို့ဆောင် ပေးခြင်းဖြင့်  အောက်ဆီဂျင်များ လည်း ဖြည့်တင်းသယ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်၌ အောက်ဆီဂျင် လိုအပ်သည့် ပြည်သူများအနေဖြင့် မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)  ဗိုလ်မှူး  မင်းအောင် (၀၉-၄၂၀၀၇၃၈၅၅)  နှင့်  SAVE လူမှုကူညီရေးအသင်း    ဥက္ကဋ္ဌ ဦးသော်ဦး (၀၉-၄၄၃၀၉၀၅၇၅)၊ အတွင်းရေးမှူး       ဦးစိုးသိန်း (၀၉-၂၆၂၁၅၄၉၁၃)     တို့ထံ ဆက်သွယ်  ကူညီတောင်းခံနိုင် ကြောင်း သိရသည်။


မောင်ယဉ်ဦး
ဓာတ်ပုံ - အံ့ကြီးမောင်(ဒလ)