
နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်း နှင့် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် တပ်ကုန်း မြို့နယ်၌ စတုတ္ထနေ့အဖြစ် မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင် စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင် ပြည်သူများက လက်တွေ့စမ်းသပ် မဲပေးကြကာ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက် ကြသည်။
စမ်းသပ်မဲ ပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တို အတွင်း မဲပေးစက်ကို နည်းစနစ် တကျ ကိုင်တွယ်နိုင်ပြီး မဲပေးရာ တွင် လွယ်ကူရှင်းလင်းစွာ မဲပေး နိုင်ခြင်း၊ မဲရလဒ်များ မှန်ကန် တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ကို လက်တွေ့ သိရှိရသည့်အတွက် မဲပေးစက်အပေါ် ယုံကြည် သဘောကျ နှစ်ခြိုက်မှုရှိကြသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲ ပေးခြင်း အခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်သွန်ခင်း ကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာအုပ်စု၊ ဥသျှစ် ကုန်းကျေးရွာအုပ်စု၊ အင်ပင် ကျေးရွာအုပ်စု၊ ကြိုးကြာအင်း ကျေးရွာအုပ်စု၊ တဲမြင့်ကျေးရွာ အုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုနှင့် သစ်ဆိန်ပင်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေး မှူးများနှင့် မဲဆန္ဒရှင်ပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်