တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းမှုကောင်း

 

တပ်ကုန်း   မတ်   ၄


ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဆောင်း သီးနှံအဖြစ်   နေကြာနှင့်ကုလားပဲ တို့ကို အဓိကထား၍   စိုက်ပျိုးကြ ရာ   ယခုနှစ်တွင်  နေကြာစိုက်ပျိုး သော    ကျေးရွာများ    နေကြာ များ         အောင်မြင်ဖြစ်ထွန်းပြီး    အထွက်နှုန်း        ပိုနိုင်ကြောင်း ညောင်ငါးပင်ကျေးရွာမှ   နေကြာ စိုက်တောင်သူတစ်ဦးထံမှ    သိရ သည်။

 


ရေဆင်း- ၁နှင့် စပ်မျိုးနေကြာ အစရှိသော   နေကြာမျိုးတို့ကိုသာ အဓိကထား    စိုက်ကြသည်ဟု သိရပြီး  နေကြာခင်းများ  စိုက်ပျိုး ပြီးရက်မှ   သုံးလခွဲဝန်းကျင်တွင် ခုတ်သိမ်း   ရရှိနိုင်မည်ဖြစ်သည်။ နေကြာစိုက်     တောင်သူများမှာ စားသုံးဆီရရှိရေးအတွက် အဓိက ထား  စိုက်ပျိုးကြသည်ဟု  သိရပြီး နေကြာ အပင်၊  အပွင့်  ဖြစ်ထွန်းမှု ကောင်းမွန်ပါက     နေကြာစိုက် တစ်ဧကလျှင် တင်း ၂၀ ဝန်းကျင် ထွက်ရှိနိုင်ကာ       ဆီကြိတ်ပါက တစ်တင်းလျှင်    ဆီသုံးပိဿာ ဝန်းကျင်ထွက်ရှိကြောင်း    သိရ သည်။

 


“ဆည်ရေသောက်     ကွင်းဆို တော့ နေကြာခင်းတွေက မြေအစို ဓာတ်   ကောင်းမွန်စွာရရှိပါတယ်။ အခုနှစ်မှာ    ပိုးမွှားအဖျက်လည်း နည်းပါတယ်။     ဆောင်းတွင်း စိုက်တာဆိုတော့     ကြက်တူရွေး ငှက်တော့          ခြောက်လှန့်ရပါ တယ်။    အပင်အပွင့်ကောင်းအောင် ဆေးအနည်းငယ် ဖျန်းရပါတယ်။ တပေါင်းလထဲမှာ   နေကြာပွင့်တွေ ခုတ်သိမ်းရပါမယ်။  ဒီနှစ် နေကြာ ထွက်နှုန်း   ပိုနိုင်ပါတယ်”    ဟု နေကြာစိုက်   တောင်သူတစ်ဦး က  ပြောသည်။  မြို့နယ်အတွင်း ဆည်ရေသောက်ကွင်း   နေကြာ စိုက်ပျိုးသောဒေသများ၌  နေကြာ ခုတ်သိမ်းပြီးပါက   ထယ်ရေးပြင် ကာ ဆည်ရေရရှိမှုအပေါ်  မူတည် ၍  နွေစပါး    စိုက်ပျိုးကြမည်ဖြစ် ကြောင်း သိရသည်။  

တင်စိုးလွင်