တပ်ကုန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြော

 

တပ်ကုန်း   နိုဝင်ဘာ  ၁၆


ပြည်ထောင်စုနယ်မြေ    နေပြည်တော်  ပြန်ကြား ရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍       တပ်ကုန်း မြို့နယ်    မြဝတီရပ်ကွက်   အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင်     (၁၀၂)  နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်      အကြိုဟောပြောပွဲနှင့်          နံရံကပ်စာစောင်၊  ဓာတ်ပုံ၊   စာအုပ်ပြပွဲ၊      ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 


အခမ်းအနားတွင်     ပြည်ထောင်စုနယ်မြေ  နေပြည်တော်တိုင်းပညာရေးညွှန်ကြားရေးမှူး ရုံးမှ   ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးကြာညို က  အမှာစကားပြောကြားသည်။   ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်    ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တိုင်း ဦးစီးမှူး    ဒေါ်သင်းသင်းဇင်က   အသိပညာပေး         ဟောပြောပွဲ   ကျင်းပပြုလုပ်ရခြင်း     ရှင်းလင်း ပြောကြားပြီး အမျိုးသားအောင်ပွဲနေ့    အထိမ်း အမှတ်   စာစီစာကုံးပြိုင်ပွဲတွင်  ဆုရရှိခဲ့သည့်  မြို့နယ်အဆင့်ပြိုင်ပွဲမှ         (အထက်တန်း၊ အလယ်တန်း)အဆင့် ကျောင်းသား ကျောင်းသူ နှစ်ဦး၊  အမှတ်(၂)   အခြေခံပညာအထက်တန်း ကျောင်းအဆင့်မှ     အထက်တန်းအဆင့်(ပထမ၊ ဒုတိယ၊ တတိယ)   နှင့်    နှစ်သိမ့်ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး၊      အလယ်တန်း အဆင့် (ပထမ၊ ဒုတိယ၊ တတိယ) နှင့် နှစ်သိမ့်ဆု ရရှိသော     ကျောင်းသား ကျောင်းသူ  ငါးဦး၊   မူလတန်းအဆင့် (ပထမ၊ ဒုတိယ၊ တတိယ)   နှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦးတို့ကို  တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေး မှူး(စီမံ)နှင့်တာဝန်ရှိသူများက  ဆုများချီးမြှင့် ပြီး   ကျောင်းအုပ်ဆရာကြီး   ဦးတင်စိုးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 


ထို့နောက်   (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့   အထိမ်းအမှတ်အဖြစ်   ဦးမျိုးမြင့်    (စာရေးဆရာ မျိုးမြင့်   -   မြန်မာစာ)     က “မြန်မာ့သက္ကရာဇ်နှင့်  အသိအမှတ်ပြုခံရသော      နေ့ထူးနေ့မြတ်”   ခေါင်းစဉ်ဖြင့်      ဟောပြောပြီး     အမျိုးသားအောင်ပွဲနေ့နှင့်    ပတ်သက်သည့် နံရံကပ်စာစောင်များ၊   ဓာတ်ပုံ များ၊ စာအုပ်စာစောင်များ   ခင်းကျင်းပြသထားရှိ မှုများကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာကြသည်။


တင်စိုးလွင်