တပို့တွဲလပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

 

နေပြည်တော်  ဖေဖော်ဝါရီ  ၄


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးအများအပြင် မြို့နယ်များရှိ တန်ခိုးကြီး ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့်   စည်ကားများပြား လျက်ရှိကြောင်း သိရသည်။    

 


မချမ်းဘော့


ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်   ကောင်းမှုလုံကျေးရွာရှိ     ရှေးဟောင်းသမိုင်းဝင်  ကောင်းမှုလုံစေတီတော်မြတ်ကြီးတွင်  ဗုဒ္ဓပူဇနိယ ပွဲတော်   ယနေ့နံနက်ပိုင်းမှ   စတင်ပြီး  ကျင်းပလျက် ရှိရာ ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာဝင်များ၊ ဘုရားဖူး ဧည့်သည်များဖြင့်    ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။  ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဒေသာပင် လှည့်လည်ခြင်းကို ဖေဖော်ဝါရီ ၃ ရက် မွန်းတည့်  ၁၂နာရီတွင် လှည့်လည်ပူဇော်ပြီး ခန္တီးရှမ်း လူမျိုးများ က   ရိုးရာမသိုးသင်္ကန်းရက်လုပ်ပူဇော် ပြိုင်ပွဲကိုလည်း  ထည့်သွင်းကျင်းပသည်။ ကောင်းမှုလုံစေတီတော် မြတ်ကြီး၏  မုခ်များရှိ  စေတီတော်  ကိုးဆူတွင်မသိုး သင်္ကန်းကပ်လှူ ပူဇော်၍ ဗုဒ္ဓဘိသေက ဘုရားအနေ ကဇာတင်ခြင်း၊   ဆွမ်းဆန်စိမ်းလောင်း လှူခြင်းနှင့်  ဗုဒ္ဓပူဇနိယ အဘိဓမ္မာအောင်ပွဲ ရေစက်ချပွဲ အခမ်း အနားများကို စည်ကားသိုက်မြိုက်စွာ   ကျင်းပခဲ့ ကြောင်း  သိရသည်။ အဆိုပါ​ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသည် မြန်မာပြည် မြောက်ဖျား   ပူတာအိုဒေသတွင်  တန်ခိုးအကြီးဆုံး  အရွယ်အစား  အကြီးဆုံးနှင့်   ရှေးအကျဆုံးသော စေတီတော်မြတ်ကြီးဖြစ်ကြောင်း သိရသည်။


ယောရွှေနီ(မချမ်းဘော့)

 


ပင်းတယ


ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ်၌   ယနေ့  တပို့တွဲလပြည့်နေ့ တွင်  ဘုရားဖူးဧည့်သည်များ၊  အပန်းဖြေအနားယူ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ သည်။  ပင်းတယမြို့နယ်သည်  ရှေးဟောင်းဘုရား စေတီ၊   ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ထွန်းကားရာ ဒေသဖြစ်ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် များစိတ်ဝင်တစား လာရောက်လှည့်ပတ်သည့်မြို့ ဖြစ်ပြီး၊ ဓနုလူမျိုးအများစုနေထိုင်ကြကာ ရှမ်း၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ ဗမာ စသည်တို့နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြ၍ အဆိုပါ ဒေသတွင် နေထိုင်ကြသူအများစုမှာ စိုက်ပျိုး ရေးကို အဓိကထား  အသက်မွေးဝမ်းကျောင်းပြုကြကြောင်းလည်းသိရသည်။  

အောင်ကိုဦး (ပြန်/ဆက်)


မကွေး


မကွေးမြသလွန်ဘုရားတွင်   ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်းများ    ကပ်လှူပူဇော်ခြင်း၊   ကုသိုလ်ဒါန ပြု ကောင်းမှုပြုလုပ်သူများနှင့် သီလဆောက်တည်သူ များဖြင့်   အထူးစည်ကားလျက်ရှိကြောင်း   သိရ သည်။ 

 


မကွေးမြသလွန်ဘုရားသည် သမိုင်းဝင်တန်ခိုး ကြီးဘုရားဖြစ်ပြီး  နေ့စဉ်ဘုရားဖူး  ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မကွေးမြို့မှ တစ်ဆင့် မင်းဘူး မြို့ရှိ တန်ခိုးကြီးဘုရားများအပြင် ယခုအခါ မင်းဘူး (စကု)မြို့နယ်ရှိ   မန်းရွှေစက်တော်ဘုရားပွဲတော် သွားရောက်သည့်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက    မကွေးမြသလွန်ဘုရားကြီးအား လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။ 
        

ကိုစည်သူ(မကွေး)