
တပို့တွဲ တူနွှဲစို့ရွှင်ပျော်ပျော်
I တပို့တွဲနွှဲကြစို့တူပျော်ပျော်
ကုံရာသီခါသမယပေမို့
စုံစွာညီထမနဲ ပွဲစလို့နော်
ပေါက်လဲရွှေလက်ပံပွင့်တို့
ကြွေကာလွင့်မြေခသော်
ဒို့အဖော်မှာပျော်မဆုံး၊
ဟေမန်ဝင်ဆောင်းလယ်မို့
ချမ်းမြေ့ဖွယ်ပါတိမောက်
ဟောရောက်သည်ခါမယ နာခံကြအုံး။
I ထန်းရေနင်းသည်လမှာ
ရခိုင်ရိုးရာရထားဆွဲတော့
နှင်းမကွဲအအေးဟပ်သမို့
နွေးဓာတ်ရယ်လို၊
ဗုဒ္ဓလိုမြတ်ရှင်သော်မှ
အေးပိုလျှင်ထင်းမီးလှုံရ
ရာသီခွင်စာစီတင်ကြ ချမ်းအေးလှသကို၊
ဒို့တိုင်းပြည်လွတ်လပ်ရေးတွက်
ပေါ်ထွက်လို့လာပြီဆို ပင်လုံလိုသည်ပွဲ
စိတ်ကူးယဉ်မဟုတ်တန်းပေမို့
အောင်ဆန်းလိုသူရဲကောင်းက
စုပေါင်းကာညီညာပြုပါလို့
တောင်းခုခါလွတ်လပ်ရေးကို
(ကွယ်)ပေးရမလွဲ။
စန်းလရယ်ဘော်ငွေယုန်က
နက္ခတ်ဆုံကိုမာဃနဲ့
ယှဉ်တွဲကြအလင်းဆောင် ပေးခဲ့အရောင်
လင်းပါလို့အိုမမှောင်တယ်
ပြည့်အရောင်တကယ်မညှိုး
လွတ်လပ်အောင်ကြံဆောင်လို့
မြန်ပြည်ဘောင်သာယာလှ
ဆန်းစွတစ်မျိုး။ ။
(၇၆-နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုလျက်...)
ဘိုမျိုး(ရွှေဘို)