တန့်ယန်း၌ တစ်ရက်လျှင် လီတာ ၄၀ အောက်ဆီဂျင် အိုး ၃၆ လုံး ထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်

 

တန့်ယန်း  စက်တင်ဘာ  ၂၃    


ရှမ်းပြည်နယ်မြောက်ပိုင်း    တန့် ယန်းမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများတွင်   လိုအပ်လျက်ရှိ သော         အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်နှင့် အောက်ဆီဂျင်    ပြတ်လပ်မှု မရှိစေရေးအတွက်   စေတနာရှင် အလှူရှင် မိဘပြည်သူများ ပါဝင် လှူဒါန်းမှုဖြင့်   ဆောင်ရွက်သော အောက်ဆီဂျင်စက်       တပ်ဆင် ပြီးစီး၍ စက်ရုံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း က    မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းရှိ စက်ရုံအဆောက်အအုံ ၌ ကျင်းပသည်။


အခမ်းနားတွင်    နယ်မြေခံ တပ်နယ်မှ    စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး   ခွန်အောင်သွင်က အောက်ဆီဂျင်စက်ရုံ       တည် ဆောက်နိုင်ခဲ့မှုနှင့်   ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ် အခွန်ဦးစီးမှူး   ဦးကျော်သူက အောက်ဆီဂျင်စက်ရုံ      တည် ဆောက်ခဲ့မှု   အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်  အောက်ဆီဂျင် စက်ရုံကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်    ဦးစိုင်းခမ်းမန်၊  မြို့မိ မြို့ဖ ဦးစိုင်းဆန်စိန်နှင့်   ဦးမျိုး အောင်တို့က           ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  (ဝဲပုံ)   စက်ရုံ အတွင်း     လှည့်လည်ကြည့်ရှု သည်။


ယခု      တပ်ဆင်ပြီးစီးသည့် အောက်ဆီဂျင်စက်မှ    တစ်ရက် လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး ၃၆ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ် ၍ မြို့နယ်ရှိအောက်ဆီဂျင်လိုအပ် သည့် ဆေးရုံများ၊  ကျန်းမာရေး ဌာနများ၊    ပရဟိတအသင်းအဖွဲ့ များနှင့် အခြားပုဂ္ဂလိက လိုအပ်သူ များကို ဖြည့်သွင်းဆောင်ရွက်ပေး နိုင်တော့မည်ဖြစ်ကြောင်း    သိရ သည်။  


  မင်းလွင်ဦး(ပြန်/ဆက်)