
နေပြည်တော် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ် လက်ပံကုန်းကျေးရွာတွင် မြေးအဘွား နှစ်ဦးသာရှိသည့် အနက် မြေးဖြစ်သူသည် စစ်မှု ထမ်းဆောင်ရမည်ဟု သိရသည့် အတွက် အဘွားဖြစ်သူမှာ မတ် ၁၅ ရက်တွင် နှလုံးရပ်သေဆုံး သွားကြောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ပြည်သူ များ အထင်အမြင် လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန် နှင့် သိရှိနားလည်စေရန် အသိ ပညာပေး ဟောပြောခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးဟောပြော ဆောင်ရွက် လျက်ရှိခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်လည်း အခြားပြုစု စောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေ သူများ စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင် ကြောင်း ပါဝင်ခြင်းတို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေထားသည့် လက်ပံကုန်း ကျေးရွာမှ မြေးအဘွားနှစ်ဦးသာ ရှိသည့်အနက် မြေးဖြစ်သူ စစ်မှု ထမ်းဆောင်ခိုင်းကြောင်း ရေးသား ထားသည်မှာ လုပ်ကြံရေးသား ထားခြင်းသာဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ အဘွားဖြစ်သူမှာ အသက် ၈၀ ကျော်အရွယ်ဖြစ်ပြီး မြေးအဘွား နှစ်ဦးတည်းမဟုတ်ဘဲ ၎င်း၏ သားသုံးယောက်၊ သမီး တစ်ယောက်တို့နှင့်အတူ တွံတေး မြို့နယ် လက်ပံကုန်းကျေးရွာ တွင် နေထိုင်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် တရားမဝင် ပြည်ဖျက်မီဒီယာများ၏ သတင်း တု၊ သတင်းအမှားများ၊ ကောလာ ဟလသတင်းများကို သတိပြု ဆင်ခြင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက် သည့် မိမိတို့သိရှိလိုသော သတင်း အချက်အလက်များကို ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင် ပါကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန် ကြေညာထားရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်