
နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမြောကင်းတံတား တည် ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက တနင်္သာရီတိုင်းဒေသကြီး အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသော ဘုရားကြီး - မော်လမြိုင် - ထားဝယ်- မြိတ် - ဘုတ်ပြင်း - ကော့သောင်းလမ်း၊ လေညာ-ရတနာပုံလမ်း၊ ထားဝယ်(SEZ)-မေတ္တာ-ထီးခီးလမ်း၊ ထားဝယ်မြို့ရှောင်လမ်း၊ ထုံခါ - သဲဖြူ - မောတောင် လမ်းများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ထားဝယ် - ကမြောကင်း - လောင်းလုံး လမ်းပေါ်ရှိ ကမြောကင်းတံတားအသစ် တည် ဆောက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ပြီးစီးမှု အခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ပေ ၁၈၀ အထက်တံတားများ တည်ဆောက်နေမှုအခြေအနေ၊ ကျေးလက်လမ်းများအား ရာသီမရွေးသွားနိုင်သော လမ်းများ ဖြစ်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းများ ရေရှည် ကောင်းမွန်စေရေး မြေပြုပြင်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများပျက်စီးမှုသည် အဓိကမှာရေကြောင့်ဖြစ်ကြောင်း၊ ရေဆင်းရန်နှင့် ရေထွက်ရန်လိုကြောင်း၊ လမ်းပေါ် သစ်ကိုင်းများ ရောက်ပြီး မိုးရေကျမှုများလည်း အနည်းဆုံးဖြစ်ရန် လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်း စေရေးအတွက် လမ်းပခုံးများ သတ်မှတ်ချက်များ အတိုင်းရှိစေရန်နှင့် လမ်းနယ်များအား စနစ်တကျဖြင့် သတ်မှတ်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်အစီးရေ ၆ သန်းခန့်ရှိသဖြင့် လမ်းများ ဖောက်လုပ်ရာတွင် ဆိုင်ကယ်သွားရန် အတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန် လိုကြောင်း၊ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းနှင့်ရွာတွင်းလမ်းများ တည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်အတွက် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်ရာ၌ ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရေး အမြန်နှုန်း သတ်မှတ်ချက်များထားရှိရန်နှင့် လမ်းအကွေ့နေရာ များတွင် Guard Post များ ထည့်သွင်းတည်ဆောက် ရန်လိုကြောင်း၊ တံတားများ တည်ဆောက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဖြင့် တည်ဆောက်ရန် လိုကြောင်း၊ ကျေးလက်လမ်းများ တည်ဆောက်ရာတွင် ရာသီဥတုကြောင့် ပျက်စီးမှုမရှိ စေရေး စနစ်တကျဖြင့် တည်ဆောက်ရန်လိုပြီး ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေ ရေးအတွက် ကျေးလက်လမ်းများ ကောင်းမွန်မှုရှိနေ ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကမြောကင်း တံတားတည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။
အဆိုပါ ကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်တွင်တည်ရှိပြီး ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်နေခြင်း ဖြစ်ကာ တံတားအရှည် ပေ ၁၀၅၀ ရှိကြောင်း၊ သံကူ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ယာဉ်သွား လမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ၅ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေရှိမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေး စီမံကိန်း အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ရည်မှန်းတည်ဆောက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်