တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ထားဝယ်  မတ်    ၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  ထားဝယ်တပ်နယ်မှတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ  ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ အဆောက်အဦ အထူးအဖွဲ့(၁၆)မှ  တာဝန်ယူဆောင်ရွက်နေသည့် ထားဝယ်ပြည်သူ့ဆေးရုံကြီး   ပြုပြင်ခြင်းလုပ်ငန်း များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဆိပ်ကမ်းသာလမ်း(မင်းရပ်ကူးတို့ရပ်ကွက်လမ်းဆုံမှ အောင်တံခွန်ငါးဈေးကြား) စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ယူဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်  နှစ်လမ်းသွားကွန်ကရစ်ခင်းခြင်း အဆင့်မြှင့်တင် နေမှုလုပ်ငန်း၊     ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း၊  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်    အမာခံကျောက် ခင်းခြင်းလုပ်ငန်း၊  တံတားတည်ဆောက်နေမှု အခြေ အနေများကို  ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းသာ လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ တံတား ရေရှည်ခိုင်ခံ့မှုရှိစေရေး သတ်မှတ်စံနှုန်းများနှင့်အညီ ကိုက်ညီစေရေး  ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ် တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ အား  သီးခြားတွေ့ဆုံ  အားပေးစကားပြောကြားပြီး လိုအပ်သည်များကို       ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။    

 တိုင်းဒေသကြီး(ပြန်/ဆက်)