
တနင်္သာရီ ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များကို Software Program ဖြင့် Data base သို့ စာရင်းထည့်သွင်းနေမှုကို ကြည့်ရှုအားပေးပြီး သတ်မှတ်ကာလနှစ်လအတွင်း ပြီးစီးနိုင်ရေးနှင့် နိုင်(၄)မှတ်တမ်းများ မှန်/မမှန်ပြန်လည်စစ်ဆေးရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရသည်။
လူဦးရေစာရင်းများ တိကျမှန်ကန်နိုင်ရေးနှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် တိကျ မှန်ကန်သော မဲစာရင်းများ ရရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက် အလက်များကို Software Program ဖြင့် နည်းပညာ အသုံးပြု၍ Data base သို့ တိုက်ရိုက်စာရင်းထည့် သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် ထုတ်ပေးထားပြီးဖြစ် သော အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အရေ အတွက်မှာ ၁၆၀၀၀ ကျော်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးမြင့်ကြွယ်က ကြီးကြပ်၍ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများနှင့် Software Program ဖြင့် စာရင်း ထည့်သွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလ နှစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိန်ဝင်း(ပြန်ဆက်)