
ထားဝယ် အောက်တိုဘာ ၁၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာနိုင်ငံသားတိုင်ရင်း သားများနှင့် ဥပဒေအရ နိုင်ငံသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများ ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသရက်ချောင်းမြို့နယ် ဦးစီးမှူး ရုံးက သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းကျေးရွာ၌ ကွင်း ဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များအား ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို ၃-၅-၂၀၂၁ ရက်မှ ၃-၁၁-၂၀၂၂ ရက်အထိ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)