
ထားဝယ် စက်တင်ဘာ ၈
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ထားဝယ် မြို့ ဘိုးဘွားရိပ်သာကို ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်း အနား စက်တင်ဘာ ၇ ရက်က ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက် ညောင်ရမ်းတောင်ရပ်ရှိ ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ဆက်လက်၍ ထားဝယ်မြို့ ဘိုးဘွာရိပ်သာ သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လူမှုဝန်ထမ်း ဦးစီးဌာန၏ ထောက်ပံ့ကြေး ငွေကျပ် ၅၉၄၀၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘိုးဘွား ရိပ်သာ တာဝန်ခံထံသို့ ပေးအပ်သည်။
ယင်းနောက် ဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ အား ဂါရဝပြုလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)