တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

 

ထားဝယ်   ဖေဖော်ဝါရီ    ၁၀ 


၂၀၂၂  ခုနှစ်  ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက် သည့်  (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း  ပညာ့ဗိမာန်ခန်းမ၌   ကျင်းပရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။   

 


ရှေးဦးစွာ အထက်တန်းအဆင့် ကျောင်းသူလေး များက     ပြည်ထောင်စုနေ့   မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နေမှုကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူ များ၊ ဆရာ   ဆရာမများ၊  ကျောင်းသားမိဘများနှင့် ကျောင်းသား  ကျောင်းသူများက ကြည့်ရှုအားပေး ကြပြီး   အကဲဖြတ်ဒိုင်အဖွဲ့များက   စိစစ်ရွေးချယ် အကဲဖြတ် အမှတ်ပေးကြသည်။

 


ထို့နောက်   ကျောင်းသား  ကျောင်းသူများက သွေးချင်းများပီပီ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများတွင်   ဆုရရှိသူများအား  ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍   ကျောင်းသား  ကျောင်းသူများက တက်ရောက်လာသော     ဧည့်သည်တော်များအား စည်းလုံးခြင်းသည် အင်အားသီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။  

 

တိုင်းဒေသကြီး(ပြန်/ဆက်)