
ထားဝယ် ဇန်နဝါရီ ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီသည် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပသည့် ထားဝယ် ခရိုင်၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ် များအတွင်း ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံအတွင်း အခြေပြု မှီတင်းနေထိုင်သော မွေးရာပါ တိုင်းရင်းသားအားလုံးနှင့် ဥပဒေ အရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ကာယကံရှင် ပြည်သူ များထံ လွယ်ကူလျင်မြန်စွာရရှိ ရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံချက်တစ်ခုဖြစ်သဖြင့် အခြား သော ဆက်စပ်ဌာနများနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိမှ သာ အောင်မြင်မည်ဖြစ်ကြောင်း။
နိုင်ငံသား စိစစ်ရေးကတ်ပြား သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့် အဝရရှိနိုင်မည့် အထောက်အထား တစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုဘဝ ဆောင်ရွက်မှုတိုင်း တွင် မရှိမဖြစ်အရေးကြီးသည့် ကတ်ပြားဖြစ်သည်နှင့်အညီ နိုင်ငံ သားအားလုံးက မဖြစ်မနေ ဆောင်ရွက်ကိုင်ဆောင်ထားကြ ရန်လိုကြောင်း၊ ပြည်သူများ ကုန်ကျစရိတ် သက်သာစေ ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ကတ်ပြားမရှိသေးသူ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများထံ အသိပေး အကြောင်းကြားကာ ဆက်သွယ် ဆောင်ရွက်ကြရန်လိုကြောင်း။
တနင်္သာရီ တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအထိ အိမ်ထောင်စုလူဦးရေ စာရင်း ၄၆၀၅ ခုနှင့် နိုင်ငံသား စိစစ်ရေးကတ် ၈၆၉၉ ကတ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မြို့နယ်အလိုက် သတ်မှတ်ကာလ အတွင်း ဆောင်ရွက်ရမည့် လျာထားချက်ပြည့်မီ ပြီးစီးရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ထားဝယ်ခရိုင်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ် သည့် အိမ်ထောင်စုလူဦးရေစာရင်း ၅၉၁ စုနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြား၂၉၂၂ ကတ်ကို ကာယကံရှင် ပြည်သူများထံ ပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်